ဆီးဝမ်းချုပ်ရောဂါကြောင့် ဝက် အကောင်ရေ ၅၀၀၀ ကျော်သေဆုံး

0
1631
မြိတ်မြို့ရှိ တနိုင်တစ်ပိုင် ၀က်မွေးမြူရေး ခြံတစ်ခု/ ဓာတ်ပုံ - မြင့်မိုရ်

မြိတ်မြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်ခန့်က စတင်ဖြစ်ပွား ခဲ့သည့် ဝက်ဆီးချုပ်ဝမ်းချုပ်ရောဂါ ကြောင့် အကောင်ရေ ၅၀၀၀ ကျော် သေဆုံးခဲ့ သည်ဟု မြိတ်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ဝင်းဇော်ဦးထံမှ သိရသည်။


ဖေဖော်ဝါရီလက နေအပူအချိန်မှာ အနိမ့်ဆုံး ၃၅ မှ အမြင့်ဆုံး ၄၂ ဒီဂရီအထိ မြင့်တက်ခဲ့ရတဲ့ အတွက် ကြောင့် ဆီးချုပ် ဝမ်းချုပ် ရောဂါဖြစ်ပြီး ဝက်များ သေရခြင်းဖြစ်သည်ဟု ဒေါက် တာ ဝင်းဇော်ဦးက ပြောသည်။

မြိတ်မြို့ရှိ တနိုင်တစ်ပိုင် ၀က်မွေးမြူရေး ခြံတစ်ခု/ ဓာတ်ပုံ - မြင့်မိုရ်
မြိတ်မြို့ရှိ တနိုင်တစ်ပိုင် ၀က်မွေးမြူရေး ခြံတစ်ခု/ ဓာတ်ပုံ – မြင့်မိုရ်

တပိုင်တနိုင် မွေးမြူရေး သမား တွင် ဝက်သေဆုံးမှု အများဆုံး ဖြစ် ကြပြီး ဝက်မွေးသူများ အရှုံးပေါ် နေကြ သည်ဟု အင်းလေးမြိုင်ရပ်ကွက်မှ တပိုင်တနိုင် ဝက်မွေးမြူနေသူ တစ်ချို့ က ပြောသည်။
” ဝက်က ဝမ်းချုပ်ပြီး အစားလည်း မစားဘူး၊ တစ်ကောင်ကတော့ တစ် ကိုယ်လုံး နီညိုရောင်တွေပေါ်လာလို့ ရတဲ့ ဈေးနှုန်းနဲ့သာ ရောင်းလိုက်ရတာ၊ စရိတ်တောင် မကာမိဘူး”  ဟု ဇေယျာသီရိ ၄ ရပ်ကွက် စည်ပင်သာလမ်းမှ ဝက် မွေးမြူသူ ဒေါ်မာဆွေက ပြောသည်။ဆီးချုပ် ဝမ်းချုပ်ရောဂါကြောင့် ဝက် အသေအပျောက်များ ရှိနေသည်ကို ဝက်မွေးသူများမှ သတင်းပေးချက်အရ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဝက် အကောင်ရေ ၆၀၀ ကျော်ကို အချိန်မီ ဆေးဝါးကုသမှု ပေးနိုင်ခဲ့သည်ဟု မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦး စီးဌာနမှ သိရသည်။
ရောဂါသိသိချင်း ဆေးဝါးများကို ဆေးပတ်လည် မီအောင်ကုသနိုင်မည် ဆိုပါက အသေအပျောက်လည်း မရှိ လာနိုင်ဟု ဒေါက်တာ ဝင်းဇော်ဦးက ပြောသည်။”တပိုင်တနိုင် မွေးနေတဲ့သူတွေက မွေးသာမွေးနေကြတယ်၊ ဝက်ကျန်းမာ ရေးနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ် ဆေးထိုးတာ၊ ခြံအနေအထားများ၊ အစားအစာများ ကျွေးမွေးမှုတို့မှာ မွေး မြူရေးနှင့် သက်ဆိုင်သည့် အသိများ အားနည်းမှုတွေ ရှိနေလို့  ဝက်အသေ ပျောက်များရတာပါ” ဟု ၎င်းက မှတ် ချက်ပြုသည်။
မြိတ်မြို့ မြိတ်တောင်ကျေးရွာ၊ မြိတ်တောင်နယ်မြေ၊ ကလွင်ကျေးရွာ အုပ်စု၊ ရေပုန်းနယ်မြေတို့တွင် တပိုင် တနိုင် ဝက်မွေးသူဦးရေများကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။