သင်္ကြန်ကာလ ဘုရားဖူးများ ထားဝယ်ဒေသဘက် ဦးလှည့်လာ

0
688
ပြီးခဲ့သည့်နှစ် ထားဝယ်သင်္ကြန်ကာလ ဘုရားဖူးခရီးသည်များကို တွေ့ရစဉ် / ဓာတ်ပုံ - မင်းထွေး

သင်္ကြန်ကာလအတွင်း ဘုရားဖူး ခရီးသွားသူများသည် ထားဝယ်ဒေသ ဘက်သို့ ဦးလှည့်လာကြောင်း ရန်ကုန် အခြေစိုက် ဘုရားဖူးလုပ်ငန်းအသိုင်း အဝိုင်းထံမှ သိရသည်။


နှစ်စဉ် မူဆယ်၊ မြ၀တီ၊ မဲဆောက် ဖက်သို့ သွားကြသော်လည်း ယင်းဒေသ များ၌ ရံဖန်ရံခါ ဖြစ်ပွားသည့် စစ်ပွဲ များကြောင့် ဘေးအန္တရာယ်ကြုံ တွေ့ရ မည်ကို စိုးရိမ်၍ ယခုနှစ်တွင် ထားဝယ် ဒေသရှိ ရှင်ကိုးရှင် ဘုရားဖူးများကိုဖူးရန် ဦးလှည့်လာခြင်း ဖြစ်ကြောင်း အထက် ပါ အသိုင်းအဝိုင်းက ပြောသည်။

ပြီးခဲ့သည့်နှစ် ထားဝယ်သင်္ကြန်ကာလ ဘုရားဖူးခရီးသည်များကို တွေ့ရစဉ် / ဓာတ်ပုံ - မင်းထွေး
ပြီးခဲ့သည့်နှစ် ထားဝယ်သင်္ကြန်ကာလ ဘုရားဖူးခရီးသည်များကို တွေ့ရစဉ် / ဓာတ်ပုံ – မင်းထွေး

ယခုနှစ် သင်္ကြန်ရာသီအတွင်း ရန်ကုန်မြို့မှ ထားဝယ်ဒေသသို့ ဘုရား ဖူး ခရီးသည်တင် မော်တော်ယာဉ်စီး ၅၀ခန့် လာရောက် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်းမှ နာယက ဦးမျိုးက ပြောကြားသည်။
” ထားဝယ်၊ မြိတ်ဖက်ကိုသွားဖို့ လက်မှတ်ဝယ်ထားတာ များတယ်၊ ကား ၇စီး၊ ၈စီး ထွက်မယ် ” ဟု ရန်ကုန် အခြေ စိုက် နန်းဦးလှိုင် ဘုရား ဖူးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အချို့မှာ ရှင်ကိုးရှင်မှတဆင့် ထိုင်း နိုင်ငံ၊ ကန်ချနဘူရီခရီးစဉ်နှင့် မြိတ်မြို့ သို့ ဘုရားဖူး ခရီးစဉ်များကို သွားရောက် ကြမည်ဖြစ်ကြောင်း အထက်ပါ အသင်း နာယက ဦးမျိုးက ပြောသည်။ ထားဝယ်ဒေသရှိ ရှင်ကိုးရှင်-မောင်းမကန်ကမ်းခြေနင့် ကန်ချနဘူရီ ခရီးစဉ်အား လက်မှတ်တစ်စောင်လျှင် တစ်သိန်းကျပ်ဈေးနှုန်းဖြင့် အချို့သော ဘုရားဖူးလုပ်ငန်းများက လက်မှတ် ရောင်းချလျက်ရှိပြီး အချို့မှာ ရှင်ကိုးရှင် ဘုရားနှင့် မောင်းမကန် ခရီးကို တစ်သိန်း ကျပ် ဈေးနှုန်းဖြင့် လက်မှတ် ရောင်းချ လျက်ရှိသည်ဟု အထက်ပါ ဘုရားဖူး လုပ်ငန်းများထံမှ သိရသည်။