ခြေနင်းမိုင်းထိပြီး ကလေးတစ်ဦး ညာခြေပြတ်

0
644
မြိတ် ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် / ဓာတ်ပုံ - မြင့်မိုရ်

ကော့သောင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့နယ် ချောင်းဆုံကျေးရွာတွင် မတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ခြေနင်း မိုင်းနှင်းမိသဖြင့် ၁၄ နှစ်အရွယ်ရှိ ကလေးတစ်ဦး ညာခြေတစ်ဖက်ပြတ်ထွက်ခဲ့ရသည်ဟု ယင်းကလေး၏ ဖခင်ဖြစ်သူ ဦးကျော်မြိုင်ထံမှ သိရသည်။

ရွာမှ သုံးနာရီခန့်သွားရသည့် တောထဲသို့ အဘိုးဖြစ်သူနဲ့အတူ သစ်တော်သီးသွားကောက်ခဲ့စဉ် တောထဲရှိ မြေပျော့တစ်နေရာကို တက်နှင်းမိရာမှ မိုင်းပေါက်ထွက်သွားခြင်းဖြစ်သည်ဟု ဦးကျော်မြိုင်က ပြောသည်။

myeik-baby-cut-leg-2

မိုင်းနှင်းမိခဲ့သူ မောင်ခင်ကျော်အောင်၏ ညာခြေထောက်သည် မျက်စိအောက်ဘက်မှ ပြတ်ထွက်သွားခဲ့ပြီး ပြင်းထန် ဒဏ်ရာတစ်ချို့နှင့်အတူ မြိတ်ပြည်သူ့ဆေးရုံကြီးရှိ အရိုးအကြောကုသဆောင်တွင် ဆေးဝါးကုသခံယူနေရသည်ဟု ယင်းဆေးရုံကြီးမှ သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲသည့်နေရာသည် လွန်ခဲ့သည့် ၁၄ နှစ်အချိန်ခန့်က မြန်မာ့တပ်မတော်နှင့် ကေအင်ယူတို့ တိုက်ပွဲ တစ်ချို့ဖြစ်ပွားခဲ့သည့်နေရာဖြစ်သည်ဟု ချောင်းဆုံရွာသားတစ်ချို့က  ပြောသည်။