သင်္ကြန်ကာလအတွင်း လေယာဉ် နှင့် မီးရထား ပုံမှန်အတိုင်း ပြေးဆွဲမည်

0
598
ဓါတ်ပုံ - အောင်သူ

သင်္ကြန်ရုံးပိတ်ရက်များအတွင်း လေယာဉ်နှင့် မီးရထားများ ပုံမှန်အတိုင်း ပြေးဆွဲမည်ဖြစ်ပြီး မော်တော်ယာဉ် လိုင်းများ ပြေးဆွဲမှု ရပ်နားမည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန် – ထားဝယ် – မြိတ် ခရီးသည်တင် ယာဉ်လိုင်းတချို့ သည် ဧပြီလ ၁၃ရက်နေ့ နောက်ဆုံး ပြေးဆွဲ မည်ဖြစ်ပြီး တချို့ ယာဉ်လိုင်းများ သည် ဧပြီလ ၁၀ ရက်နှင့် ၁၂ ရက်နေ့ အကြားတွင် အသီးသီး ရပ်နားမည်ဟု သက်ဆိုင်ရာယာဉ်လိုင်းများမှ ဂိတ်တာဝန်ခံနှင့် ဂိတ်စာရေးများထံမှ သိရ သည်။
” သင်္ကြန်ဆို ကားလိုင်းတွေ ရပ် နားလေ့ရှိပေမယ့် ခရီးသည်ရှိရင် အချို့ ကားတွေ ပြေးဆွဲပါတယ် ” ဟု ဂိတ်မှူး တစ်ဦးက ပြောဆိုသည်။
ထို့အပြင် ထားဝယ်-မြိတ်-ကော့ သောင်း ပြေးဆွဲနေသည့် အမြန် ရေယာဉ်လိုင်းများလည်း သင်္ကြန်ရက် များအတွင်း ရပ်နားမည်ဟု သိရသည်။