ပေါင်းစည်းရေး လက်မခံသည့် မွန်နှစ်ပါတီကို လက်ခံအသိမှတ် မပြုဟု ညှိနှိုင်းရေးအဖွဲ့ဆို

0
753
ဓါတ်ပုံ - ယဉ်စနိုင်း

မွန်သံဃာတော်များနှင့် မွန်ပြည်သူ တရပ်လုံး၏ သဘောထားအပေါ် လုံးဝ လျစ်လျူရှုထားသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP )နှင့် မွန် အမျိုးသားပါတီ (MDP) တို့အား မွန် နှစ်ပါတီ ပေါင်းစည်းရေး ညှိနှိုင်းရေး အဖွဲ့မှ လုံးဝ လက်ခံ အသိအမှတ်ပြုမည် မဟုတ်ကြောင်း မတ်လ ၁၃ ရက်နေ့က ကြေညာချက် ထုတ်လိုက်သည်။

mndp-mnp-mon
ဓါတ်ပုံ – ယဉ်စနိုင်း

ယင်းအဖွဲ့ သည် (AMDP ) နှင့် (MDP) နှစ်ပါတီ ပေါင်းစည်းနိုင်ရေး အတွက် ကြားဝင် ညှိနှိုင်းပေးရန် မွန်သံဃာတော် များနှင့် မွန်ပြည်သူများ ဖြင့် ဖွဲ့စည်းခဲ့ပြီး ညှိနှိုင်းရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလထိ ဖော်ဆောင်လာခဲ့သည်။
ပေါင်းစည်းရေးအတွက် အကြိမ်ကြိမ် ကြားဝင်ညှိနှိုင်းပေးခဲ့ သော်လည်း (AMDP) အနေဖြင့် ပေါင်းစည်းခြင်းကို လက်မခံခဲ့ခြင်း၊ ထို့အတူ မွန်အမျိုးသား ပါတီကလည်း မွန်နှစ်ပါတီ ပေါင်းစည်းရေး ညှိနှိုင်းရေးအဖွဲ့နှင့် သဘောတူ လက်မှတ်ရေး ထိုးထားချက်များကို ပါတီညီလာခံ ကျင်းပချိန်ထိ လိုက်နာဆောင်ရွက်မှု မရှိခဲ့ခြင်းတို့ကြောင့် နှစ်ပါတီစလုံးကို လုံးဝလက် အသိအမှတ်ပြုမည် မဟုတ် ဟု မွန်နှစ်ပါတီ ပေါင်းစည်းရေး ညှိနှိုင်းရေး အဖွဲ့က ပြောသည်။
” သူတို့ (ညှိနှိုင်းရေးအဖွဲ့) ဆန္ဒရှိတဲ့ အတိုင်း လိုက်နာသင့်သလောက် လိုက်နာ လာခဲ့ပါတယ်။ နိုင်ငံရေးပါတီဆိုတော့ နိုင်ငံရေး ပါတီရဲ့ ပရိုစီဂျာနဲ့ သွားရတယ်၊ ဒီအပေါ် ဝမ်းနည်းတာက လွဲပြီးတော့ ဘာမှ ပြောစရာမရှိပါဘူး”  ဟု မွန်အမျိုးသား ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်လယီတမက ပြောသည်။
ယင်းကြေညာချက်နှင့် ပတ်သက်ပြီး မွန်လူထုအကြား အစပိုင်းတွင် မရှင်းလင်း သည့် အနေအထား ဖြစ်သွားနိုင်သော် လည်း မွန်သံဃာ တော်နှင့် မွန်လူထုတို့က မွန်အမျိုးသား ပါတီအပေါ် ယုံကြည်ပြီး သားဖြစ်သည့် အတွက် တစုံတရာ ထိခိုက် နိုင်မည်မဟုတ်ဟု ၎င်းက ထင်ကြေး ပေးသည်။
” ပါတီကို ဖျက်မှာမဟုတ်ဘူး ပါတီ အမည်ကိုလည်း ပြောင်းမှာ မဟုတ်ဘူး၊ ၂၀၁၅ ရွေးကောက်ပွဲပြီး တဲ့အထိကို ပါတီရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းအတိုင်းပဲ ကျွန်တော်တို့က သွားမှာ” ဟု မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းနွယ်စိုးက ပြောသည်။
မွန်နှစ်ပါတီပေါင်းစည်းရေး ညှိနှိုင်း ရေးအဖွဲ့အနေဖြင့် ပါတီ ပေါင်းစည်း ခြင်းကို ဆက်လက် လုပ်ဆောင်မည် မဟုတ်ကြောင်းနှင့် အဖွဲ့ကိုလည်း ဖျက်သိမ်းလိုက်ပြီ ဖြစ် ကြောင်း မတ်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည့် နှစ်ပါတီ ပေါင်းစည်းရေး အဖွဲ့၏ ရှင်းလင်းပွဲတွင် ကြေညာ ခဲ့သည်။
မွန်ပြည်သူ လူထုအကြား မွန်ပါတီ တစ်ပါတီသာ ရှိရမည်ဆိုပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုရေစီပါတီ ဗMDဏ နှင့် မွန်အမျိုးသား ဒီမိုကရေစီ ပါတီ MDP နှစ်ပါတီ ပေါင်းစည်းရန် ကြိုးပမ်းခဲ့ရာ AMDP ဘက်က ၎င်းတို့ ပါတီအနေဖြင့် မပေါင်းစည်း နိုင် ကြောင်း ထုတ်ပြန်လိုက်ပြီးနောက် ပါတီ ခေါင်းဆောင် အချို့တို့က MDP နှင့် ပူးပေါင်းပြီး MNP ပါတီ အမည်သစ်ဖြင့် ပါတီဖွဲ့စည်း ခဲ့သည်။