ထားဝယ်သပိတ်မှောက် ကျောင်းသားအချို့ မြို့နယ် ၇ ခုတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရ

0
640

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ချီတက်ခဲ့သည့် ထားဝယ်သပိတ် စစ် ကြောင်း တစ်လျှောက်မှ မြို့နယ် ၇ ခုတွင် ထားဝယ်သပိတ်မှောက် ကျောင်း သားအချို့ကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် ထားကြောင်း ထားဝယ်ခရိုင်ကျောင်းသား သမဂ္ဂထံမှ သိရသည်။


ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ စတင်သည့် သပိတ်စစ်ကြောင်း တလျှောက်ရှိ ရေး၊ မုဒုံ၊ သံဖြူဇရပ်၊ မော်လမြိုင်၊ သထုံ၊ ကျိုက်ထုံ၊ ပဲခူး စသည့် မြို့နယ်များမှ ထားဝယ် သပိတ်စစ်ကြောင်းမှ ကျောင်းသား သုံးဦးနှင့် ကျောင်းသူတစ်ဦးတို့ကို အမှုဖွင့်ထားသည်ဟု ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောသည်။
” ရေးရဲစခန်းက မတ် ၁၆ ရက်နေ့မှာ အမှုဖွင့်တယ်။ ကျန်တဲ့ မြို့နယ် တွေကတော့ ဘယ်တုန်းက ဖွင့်လဲတော့ မသိဘူး။ အခုထိ ဘယ်သူ ကမှ တရားဝင် ဆက်သွယ် အကြောင်း ကြား လာတာ မရှိသေးဘူး ”  ဟု ကိုမင်းလွင်ဦးက ဆိုသည်။
ထားဝယ်သပိတ်စစ်ကြောင်း ရပ်နားထားသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ယခုကဲ့သို့ သပိတ်ရပ်နားထားသည့် အချိန်တွင်မှ အမှုဖွင့်လာခြင်းမှာ အစိုးရ အနေနှင့် ရိုးသားမှုမရှိကြောင်း အမှုဖွင့် ခံ ထားရသည့် ကျောင်းသားတစ်ဦးဖြစ်သူ ကိုသူရနိုင်က ဆိုသည်။
” မတ်လ ၁၁ ရက်နေ့ အစည်း အဝေးမှာ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် သပိတ်မှောက် ကျောင်းသား တွေနဲ့ ပြည်သူတွေကို အရေးမယူဖို့ သဘောတူထားပြီးသား။ အခုလိုမျိုး ဆိုရင်တော့ အမှုဖွင့်ထားတဲ့ မြို့နယ် ၇ နယ်စလုံးကို လိုက်ရှင်းနိုင်မှာ မဟုတ်ဘူး။ အစိုးရနဲ့ပဲ ရှင်းမယ်လို့ စဉ်းစားထားတယ် ” ဟု ကိုမင်းလွင်ဦးက ဆိုသည်။