ယူအေအီး လေတပ်လေယာဉ် ၁၀ စင်း ထားဝယ်တွင် ညအိပ်

0
808

မလေးရှားနိုင်ငံ၊ လန်ကာဝီမြို့တွင် ကျင်းပခဲ့သည့် Langkawi International Maritime and Aerospace Exhibition တွင် ပါဝင်ပြသခဲ့သည့် ယူအေအီး လေတပ်လေယာဉ် ၁၀ စီး ထားဝယ်လေဆိပ်တွင် ညအိပ်ခဲ့ကြောင်း ထားဝယ်လေကြောင်း အသိုင်းအ၀ိုင်းမှ သိရသည်။

IMG_0961
ဓာတ်ပုံ – ဖိုးဇော် (ထားဝယ်)

UAE Air Force မှ MB 339 လေယာဉ်အမျိုးအစား လေယာဉ် ၈ စင်း၊ P 180 လေယာဉ်အမျိုးအစား လေယာဉ် တစ်စီးနှင့် ထောက်ပံ့ရေး လေယာဉ်တစ်စီးတို့သည်  မလေးရှားနိုင်ငံမှ ပျံသန်းကာ ဆီဖြည့်ရန်အတွက် ထားဝယ် လေဆိပ်တွင် မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ခရီးတစ်ထောက် ရပ်နားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လေယာဉ်များသည် မူလခရီးစဉ်ဖြစ်သည့် နေပြည်တော်သို့ ဆက်လက် ပျံသန်းမည် ဖြစ်သော် လည်း နေပြည်တော်လေဆိပ်၌ မိုးသည်းထန်စွာ ရွာသွန်းနေခြင်း၊ ရန်ကုန်လေဆိပ်၌ ရပ်နားရန် အခက်အခဲ ရှိခြင်းတို့ကြောင့် ထားဝယ်လေဆိပ်၌ပင် ညအိပ်ရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းလေယာဉ်များသည် နေပြည်တော်မှ တဆင့် အိန္ဒိယနိုင်ငံ ကာလတ္တားမြို့သို့ ထွက်ခွာသွားကြောင် အထက်ပါ လေကြောင်း အသိုင်းအ၀ိုင်းမှ သိရသည်။