ထိုင်း- မလေး နယ်စပ်တွင် မြန်မာ အလုပ်သမား ၁၀၀ ကျော် ဖမ်းမိ

0
809

ထိုင်း-မလေးရှား နယ်စပ်မြို့ ဖြစ်သည့် စုံခလာခရိုင်၊ စဒေါင်းမြို့နယ်၊ ပါဒန်ဘေဇာကျေးရွာ အနီးတွင် အထောက် အထားမဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၁၃၁ဦးကို မတ်လ ၁၇ ရက်နေ့ မနက် ၄ နာရီအချိန်တွင် နယ်ခြားစောင့် တပ်ရင်းမှ ဖမ်းမိခဲ့ သည်ဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့ အမှတ် ၄၃၀၃ အဖွဲ့ထံမှ သိရသည်။

သတင်းအရ မှတ်တိုင် ၁၄ တွင် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ အမျိုးသား ၁၀၈ဦး ၊ အမျိုးသမီး ၂၂ ဦးနှင့် ကလေး ၁ဦး တို့ကို အထက်ပါ မြို့တွင် ဖမ်းဆီးမိခဲ့သည်ဟု နယ်ခြား စောင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
” သူတို့ အားလုံး မလေးရှားမှာ အလုပ်လုပ်ဖို့ ခိုးဝင်လာကြတာပါ၊ အခု စဒေါင်းခရိုင် လ၀က ကို လွှဲပြောင်း ပေးထားတယ်” ဟု ၎င်းက ထပ်လောင်း ပြောသည်။
ယခုကဲ့သို့ မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူများကို ခပ်စိပ်စိပ် ဖမ်းဆီးရမိလာသည်ဟု ထိုင်း ရဲတပ်ဖွဲ့က ဆိုသည်။