ထိုင်းနယ်စပ်တွင် မြန်မာအလုပ်သမား ၉၇ ဦး အဖမ်းခံရ

0
861

မလေးရှာနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်မည်ဟုဆိုသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၉၇ ဦးကို ထိုင်း-မလေးနယ်စပ်တွင် ထိုင်းအထူးရဲတပ်ဖွဲ့မှ နှစ်ရက်ဆက်တိုက်ဖမ်းဆီးခဲ့ကြောင်း ထိုင်း နယ်ခြားစောင့် တပ်ရင်း ထံမှသိရသည်။

ထိုင်းနှင့် မလေးရှား နယ်စပ် စုံခလာခရိုင် စဒေါင်းမြို့နယ်တွင် မတ်လ ၁၀ ရက်နေ့တွင် မြန်မာ အလုပ်သမား ၄၂ ဦး နှင့် ၁၁ ရက်နေ့တွင် ၅၅ ဦး အသီးသီး အဖမ်းခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

အဖမ်းခံထားရသည့် မြန်မာအလုပ် သမားများသည် မလေးရှားနိုင်ငံအတွင်း ဝင်ရောက်အလုပ်လုပ်ရန် ပွဲစား အဆက်သွယ်စောင့်နေချိန်ဖမ်းဆီခံရခြင်းဖြစ်ကြောင်း ထိုင်း နယ်ခြားစောင့် တပ်ရင်း (၄၃၇) မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ယင်း အလုပ်သမားများကို ထိုင်းနိုင်ငံ ရန်စဒေါင်းမြို့နယ် တရားမဝင် အလုပ်သမား စိစစ်ရေးအဖွဲ့ သို့လွဲပြောင်းပေးလိုက်ကြောင်း ၎င်း ကဆိုသည်။