သူငယ်ချင်းထံပေးစာ

0
2398

မင်္ဂလာပါသူငယ်ချင်း။

ထူးထူးဆန်းဆန်း လွန်ခဲ့တဲ့ သုံးရက် လောက်က ကိုရွှေ MPT စိတ် ကောင်းဝင် နေလို့ လိုင်းလေးနည်းနည်း ကောင်းနေ တုန်း မင်း Email နဲ့ပို့ ထားတဲ့ စာဖတ် လိုက်ရပါတယ်။ ဒါတောင် မင်းပေး ပို့ထားပြီး နှစ်ရက်အကြာ မှ ဖတ်လို့ရတာ သူငယ်ချင်း။ ဒါဖြင့် လည်း ဘယ်အချိန် ဖြစ်ဖြစ် အမြဲလိုလို ကွန်နက်ရှင်ကောင်းတဲ့ “ဆွေသဟာ” ကို ပြောင်းသုံးပါတော့ လားလို့ မင်းစိတ်ထဲ ကျိတ်ပြောနေမယ် ထင်ပါရဲ့။

ဒါက ဒီလိုရှိတယ်သူငယ်ချင်း။ ငါရှင်းပြပါ့ မယ်။

လက်ရှိ ငါတို့ မရှိသုံးလေး သုံးနေ ကြတဲ့ တစ်မိနစ် နှစ်ကျပ်တန်ထက် ဆွေသဟာက ကွန်နက်ရှင် ပိုကောင်းမှန်း ငါလည်း သိတာပေါ့။ ဒါပေမယ့် ဒီဆွေ သဟာကြီးက ငါတို့ ရွှေမြန်မာတွေရဲ့ ငွေအသပြာကို စေတနာပျက်လောက် အောင် သဲ့ယူနေလို့ မူလလက်ဟောင်း တစ်မိနစ် နှစ်ကျပ်တန်လေး ကိုပဲ မချစ်သော်လည်း အောင့်ကာနမ်းနေရ တယ်။ ဒင်းက 1MB ကို၁၅ ကျပ်တောင် ယူထားလေတော့ တစ်ခါမှမသေဖူးတဲ့ ပုဂ္ဂိုလ်တွေဆို SWE ဆိုတဲ့ စာလုံးလေး ကို ရိုက်သွင်းပြီးသကာလ သုံးကောင်း ကောင်းနဲ့ သုံးနေလိုက်ကြတာ တစ်သောင်း ကတ်တစ်ကတ် တစ်နေ့တည်း ကုန်သွား မှ ပျဉ်ဖိုးနားလည်တော့တယ်။ ဟူး…တော်သေးတာပေါ့၊ ဆွေသဟာမို့။ နောက်များဆို ဆွေမျိုးပေါက်ဖော်တို့၊ ပေါက်ဖော်ကြီးတို့ပါ ရောက်ရှိလာရင် အင်တာနက်ဖိုးနဲ့ ကျွန်ဖြစ်ရုံမက အိမ်တိုင်တောင် ချွတ်ရောင်းရ မလားပဲ။ ဒီလို နောက်ခံသမိုင်းကြောင့် လူအတော် များများက ဆွေ့ကို မတတ်သာလို့ ခပ်ခွာခွာ နေလိုက်ကြတယ်။

သူငယ်ချင်းရေ… မဦးမချွတ်မင်းကို အမင်္ဂလာသတင်းတစ်ခု ပြောပြရဦးမယ်။ ငါတို့နဲ့ ဆယ်တန်းမှာ တစ်ခန်းတည်း အတူတူတက်ခဲ့ကြတဲ့ “ ထွန်းထွန်း” မနှစ်ကပဲ ကွယ်လွန်ခဲ့ပြီ သူငယ်ချင်း။ အကယ်၍ ထွန်းထွန်းကို မင်းမှတ်ဥာဏ် ထဲမှာ ဝိုးတဝါး ဖြစ်နေရင် ငါအစ ဖော်ပေးပါ့မယ်။ ဒီငတိက စကားပြောရင် အထစ်ထစ် အငေါ့ငေါ့နဲ့ တစ်ချိန်က မင်းသွားကြွေခဲ့ဖူးတဲ့ ဘော်တနီကွင်း “စွာတေးမ” ရဲ့ ခင်ပွန်းလေ။ ဒီလောက် အစ ပြန်ဖော်ပေးလိုက်ရင် မင်းမှတ်မိပြီ ထင်ပါရဲ့။ အေး….အဲဒီ ထွန်းထွန်းဟာ မနှစ်ကပဲ ကွယ်လွန်သွားခဲ့တယ်။ ရောဂါ ဘယ ဖိစီးနှိပ်စက်လို့ ကွယ်လွန်ခဲ့ရတာ မဟုတ်သလို အက်ဆီးဒင်းဖြစ်ပြီး ကွယ် လွန်သွားတာလည်း မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် suicide (မိမိကိုယ်ကို သတ်သေခြင်း) လုပ်သွားတာ သူငယ်ချင်း။ ထွန်းထွန်းလို ဘ၀မှာ အစစအရာရာ ပြည့်စုံနေသူတစ်ယောက်ဟာ ဘယ်လို စိတ်ညစ်စရာ အကြောင်းတွေကြောင့် suicide လုပ်သွားရ သလဲဆိုတာ မင်းမစဉ်းစားတတ်လောက် အောင်ဖြစ် နေလိမ့်မယ် ထင်ပါတယ်။ ငါလည်း ဒီသတင်း စကြားကြားချင်း မယုံနိုင် လောက်အောင်ပါပဲ။

ဒါပေမဲ့ သူကွယ်လွန် ပြီးမှ ဟိုကဒီက ပြန်ကြားရတဲ့ သတင်း စကားတွေအရ ထွန်းထွန်းမှာ ပြန်ဆပ်ရ မယ့် အကြွေးက လည်ပင်းထိတောင် ရောက်နေပြီဆိုပဲ။ သူ့ရေ လုပ်ငန်း အရှုံး ပေါ်လို့ မဟုတ်ဘူး သူငယ်ချင်း။ ဒီပုဂ္ဂိုလ် က အပတ်စဉ် စနေနဲ့ တနင်္ဂနွေ ညရောက် တိုင်း ဥရောပတစ်ခွင် ပြဲပြဲစင်အောင် ခြေစင်္ကြာ ဖြန့်ကျက်မိလို့ပါ။ စကားလှ အောင် ဝင်္ကဝုတိအလင်္ကာမသုံးဘဲ တည့်(ဒဲ့)ပြောရရင် စနေနဲ့ တနင်္ဂနွေ ညတိုင်း အင်္ဂလန်ပရီးမီးယားလိဂ်၊ အီတလီစီးရီး အေ၊ ဂျာမန်ဘွန်ဒက်စလီဂါ၊ စပိန်လာလီ ဂါ…အစရှိတဲ့ ဘောလုံးပွဲတွေဂါ…အစရှိတဲ့ ဘောလုံးပွဲတွေ လောင်းကစား လုပ်မိလို့ပဲ။ ကနဦးက တော့ ဘောလုံးပွဲကြည့်ရ ရင်ခုန်ရုံ တစ်ပွဲ ကို တစ်ပုလင်း၊ နှစ်ပုလင်းလောက် အပျော်သဘော လောင်းကစား လုပ်တာ ပါ။ ဒီလောက်ငွေကြေး အတိုင်းအတာဟာ သူလိုလူအတွက် မှုလောက်စရာမှ မဟုတ် တာ။

ဒါပေမယ့် ပုဂ္ဂိုလ်က တဖြည်းဖြည်း လောင်းကစားရေချိန် မြင့်တက်လာပြီး တစ်ပွဲကို ငါးပုံး၊ ဆယ်ပုံး စသည်ဖြင့် လောင်းကစားမိတော့ အရှုံးနွံနစ်ပြီး သူ့ငါးဖမ်းလှေတစ်စီး ရောင်းချပြီး အကြွေး ဆပ်လိုက်ရတယ်။ စီးပွားပျက် မသွားပေမယ့် အခြေတော့ တော်တော် ယိုင်သွားတာပေါ့ သူငယ်ချင်း။ ဒါနဲ့ တောင် ဒီပုဂ္ဂိုလ်က ရပ်တန်းက မရပ်ဘဲ ငွေမျှော ငွေနဲ့လိုက်ဆိုပြီး ဆက်မိုက်တော့ ရှိစုမဲ့စု အတွင်းပစ္စည်းတွေ အကုန်ပြောင်တဲ့ အပြင် အကြွေးတွေ လည်ပင်းထိ ရောက်နေတော့ မဖြေရှင်းနိုင်တဲ့ အဆုံး ကိုယ့်ကိုယ်ကိုယ် sကငခငိန လုပ်ပြီး ထွက်ပေါက် ရှာသွားတာပါ။ လူ့ပြည်မှာ ကျန်ရစ်ခဲ့တဲ့ သူ့မိသားစုကတော့ မျက်စိသူငယ် နားသူငယ်ပေါ့။
သူငယ်ချင်းရေ…….
အခုဆို ငါတို့မြို့လေးမှာ ဘောလုံး ပွဲ လောင်းကစားဒိုင်တွေဟာ လမ်းဘေး ကွမ်းယာဆိုင်တွေလို ပေါချက်ကတော့ ကမ်းကုန်ပဲ။ တကယ်ပြောတာပါ။ ရပ် ထဲရွာထဲမှာ တရားပွဲတစ်ပွဲ ကျင်းပ ချင်ရင် ဆိုင်ရာဆိုင်ရာ အဆင့်ဆင့် ပါမစ်တင်၊ အကြိမ်ကြိမ် လက်မှတ်ထိုး ရပေမယ့် ဘောလုံးပွဲ ဒိုင်ဖွင့်ရင်တော့ ဘယ်နေရာမှာမှ ပါမစ်မတင်၊ လက်မှတ် မထိုးရဘူး ထင်ပါရဲ့။ ဒါကြောင့်လည်း ဘောလုံးပွဲဒိုင်တွေ အတင့်ရဲကြတာ ဖြစ်မှာပေါ့။ တချို့ ဘောလုံးပွဲဒိုင်တွေဆို လိုင်စင်ရ လောင်းကစား ဒိုင်တွေလို ဗြောင်မရောင်းရုံ တမည်ပါပဲ။ စနေနေ့ ညက ကစားခဲ့တဲ့ပွဲ အဖြေတွေကို တနင်္ဂနွေနေ့ မနက်မှာ သင်ပုန်းမှာဖြစ်စေ၊ စာရွက်လေးတွေ ကပ်ပေးထားခြင်း အားဖြင့် ဖြစ်စေ လူသိရှင်ကြား ကြော် ငြာပေးလေ့ရှိပါတယ်။ ဒီလို ကြော်ငြာ ပေးလိုက်ခြင်းအားဖြင့် သုံးပွဲတွဲ၊ ငါးပွဲ တွဲ…စသည်ဖြင့် တွဲပွဲထိုးသမားတွေဟာ မိမိအတွဲ ပေါက် မပေါက် ထိုးထားတဲ့ ဘောက်ချာစာရွက်လေး ကိုယ်စီနဲ့ ဘောလုံးပွဲဒိုင်မှာ အလုအယက် တိုးဝှေ့ တိုက်ကြည့်နေကြတာများ မမြင်ချင်မှ အဆုံးပါပဲ။ မင်းတို့ဆီမှာတော့ အသင်း အနေအထား၊ ကွင်းအနေအထားအရ အလေးပေး လောင်းကြေးဖွင့်ကြပေမယ့် ငါတို့ မြန်မာနိုင်ငံ ဝီလျံဟေးလ်တွေက သရေရှစ်ဆယ်နိုင်၊ တစ်လုံးခုနှစ်ဆယ်ရှုံး၊ နှစ်လုံးလေးဆယ်နိုင်၊ တစ်လုံးသရေ၊ ဂိုးပေါင်းအပေါ်၊ ဂိုးပေါင်းအောက် စသည်ဖြင့် လောင်းကြေးဖွင့်ကြတော့ နည်းနည်း ဇယားရှုပ်တယ်။ ဒါကြောင့် လည်း ဘောလုံးပွဲဒိုင်တွေက တွဲပွဲထိုး သမားတစ်ဦးချင်းကို ဘယ်အသင်းက၊ ဘယ်နှစ်ဂိုးနဲ့ နိုင်သွားသလဲဆိုတာ ဒိုင်ခံ ဖြေကြားမပေးနိုင်လို့ ဘောလုံးပွဲဒိုင် ရှေ့မှာ အခုလို သင်ပုန်းတွေ၊ စာရွက် တွေနဲ့ ကြော်ငြာပေးရခြင်းပါ။ အခုလို မိမိထိုးထားတဲ့ တွဲပွဲ ပေါက်၊ မပေါက် ဘောလုံးပွဲဒိုင်မှာ ဘောက်ချာ စာရွက် လေးကိုယ်စီနဲ့ လာတိုက်ကြည့်နေတဲ့ လောင်းကစားဝါသနာရှင်တွေထဲမှာ အ လယ်တန်း၊ အထက်တန်း ကျောင်းသား လေးတွေလည်း ပါဝင်ပါတယ်။ ဒီက လေးတွေဟာ သူတို့ရတဲ့မုန့်ဖိုးကို ခြစ် ခြုတ် စုဆောင်းပြီး တွဲပွဲလာထိုးကြ တာပါ။
တချို့ကလေးတွေဆို အနည်းဆုံး ငွေတစ်ထောင်ရှိမှ သုံးပွဲတွဲ ထိုးခွင့်ရှိလို့ တစ်ယောက်ငါးရာစီ နှစ်ယောက်ပေါင်း ပြီး လောင်းကစား လုပ်ကြပါတယ်။ အကယ်၍ သူတို့ တစ်ထောင်ဖိုးထိုး ထားတဲ့ သုံးပွဲတွဲသာ ကျပ်ပြည့် နိုင်ခဲ့ ရင် အလျော်ငွေ ရှစ်ထောင် ပြန်ရမယ် ဆိုတဲ့ မက်လုံးက ရင်ခုန်ချင်စရာ ကိုး။နောက်ပြီး ဘောလုံးပွဲ တစ်ပွဲချင်းစီ ဟာ ဖြစ်နိုင်ချေ အခွင့်အလမ်း ၅၀၊ ၅၀ စီ ဆတူရှိတာမို့ ကလေးတွေဟာ အားကစားဂျာနယ်တွေ ဝယ်ဖတ်ပြီး ပိုင်ပြီအထင်နဲ့ လောင်းကစား ပြုလုပ်ကြ တော့တာပါပဲ။ ဒါအပြင် တချို့ အားက စားဂျာနယ်တွေက “တစ်လုံးသုံးဆယ် နိုင်ဆိုရင်လီဗာပူးလ်နဲ့ စွန့်စားကြည့်တာ မမှားပါဘူး”၊ “ဒီတစ်ပတ် အတွက် အပိုင်ပွဲတွေ ကတော့” စသည်ဖြင့် လောင်းကစားကို ဇောင်းပေးတဲ့ ဝေါ ဟာရတွေ အတင့်ရဲရဲ သုံးနှုန်း ရေးသား လာတာ တွေ့နေရပါတယ်။
မင်းစဉ်းစားကြည့် သူငယ်ချင်း။ ဒီအသက် ဒီအရွယ်ကတည်းက လောင်း ကစားနဲ့ ဒီလောက် ယဉ်ပါးနေရင် သူတို့ အနာဂတ်အတွက် ရင်လေးစရာပါ။ စကားကြီး စကားကျယ် ပြောရရင် တိုင်းပြည်အတွက်လည်း သိပ်အလား အလာ မကောင်းဘူးလို့ ဆိုရပါလိမ့် မယ်။ မင်းသိတဲ့အတိုင်းပဲ သူငယ်ချင်း။ လောင်းကစားကို ခုံမင်မိသူဟာ ဘ၀မှာ သမ္မာအာဇီဝကျကျ လုပ်ကိုင်စားသောက် ဖို့ သိပ်စိတ်မဝင်စားတော့ဘူး။ အရပ် စကားနဲ့ ပြောရရင် လက်ကြောမတင်း ဘူးလို့ ဆိုရမှာပေါ့။ လောင်းကစားသမား တို့မည်သည် အမြဲတမ်းငွေကို လွယ်လင့် တကူ ရနိုင်မယ့် နည်းလမ်းတွေပဲ စဉ်းစားနေတတ်တော့ လောင်းကစားနဲ့ အဆင်မပြေရင် ခိုးဝှက် လုယက်မှုတွေ ဆက်တိုက် ကျူးလွန်ကြမှာပဲ။
ဒါပေမယ့် ငါတို့မှာက တားဆီးပိုင် ခွင့် မရှိလေတော့ ရင်မောမောနဲ့ ဘေး က ရပ်ကြည့်နေရုံမှတစ်ပါး ဘာများ တတ်နိုင်ဦးမှာလဲ။ နူရာဝဲစွဲ လဲရာ သူခိုးထောင်း ဆိုသလို ဘောလုံးပွဲဒိုင်တွေ နှိပ်စက်ကလူပြုနေတဲ့ကြားထဲ နှစ်လုံးထီ၊ ချဲထီ ဆိုတာကလည်း လူတန်းစား အ လွှာ အသီးသီးကို အလွတ်မပေးစတမ်း ထပ်မံ နှိပ်စက်ပြန်ပါတယ်။ အကြောင်း ကြောင်းကြောင့် ဘောလုံးပွဲ လောင်းကစား ဒိုင်တွေဆီ မရောက်ရှိနိုင်သူ တချို့ဟာ ရပ်ကွက်ထဲမှာ တစ်အိမ်တက် တစ်အိမ် ဆင်း Door To Door စနစ်နဲ့ လိုက်လံ ရောင်းချနေတဲ့ နှစ်လုံးထီ၊ ချဲထီ တွေကို တစ်ကွက် တစ်ရာတန်သည်၊ နှစ်ရာတန် သည် ကံစမ်းကြပါတယ်။ ကိုင်း ဒီလောက်ဆို ပွဲပြတ်ပြီပေါ့။ တနင်္လာနေ့ က သောကြာနေ့ထိ နှစ်လုံး ထီ၊ ၁၆ ရက် တစ်ကြိမ်ချဲထီ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ဘောလုံးပွဲ၊ အကယ်၍ အရှိန်မသေသေး ရင် ဗုဒ္ဓဟူးနဲ့ ကြာသပတေးမနက်မှာပါရင် ယူအီးအက်ဖ်အေထိ ဆက်လိုက်ကြဦး။ ဒါတွေအပြင် အညောင်းထိုင်များတဲ့ကိုကိုတွေ၊ ဦးလေးကြီးတွေအတွက် မာဆတ်ရှိတယ်။ ဖိုးဆိုချင်တွေက ကေတီဗီ သွားရုံပဲ။

ကိုင်း ငါတို့ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးမှာ ပျော်စရာတွေ ဘယ်လောက်တောင် ပေါများလိုက်သလဲလို့။သူငယ်ချင်းရေ…တကယ်တော့ ဒါတွေ အားလုံးဟာ န၀တ၊ နအဖ စစ်အစိုးရ လက်ထက်မှာ အပြိုင်းအရိုင်း ထွန်းကားလာတဲ့ ဒုစရိုက်လုပ်ငန်းတွေ ဖြစ်ပြီးစစ်အစိုးရ ခေါင်းဆောင်တွေဟာ လူထုက သူတို့ကို ပြန်လည် မတော်လှန်နိုင်အောင် အာရုံလွှဲတဲ့ သဘောနဲ့ သိသိသာသာရှင်သန်ခွင့်ပေးခဲ့လို့ ဒီနေ့ ဒီအချိန်ထိ ခိုင်ခိုင်မာမာ အမြစ်တွယ် ရှင်သန်ခွင့် ရရှိခဲ့တာပါ။ မြန်မာနိုင်ငံကို အင်္ဂလိပ်အစိုးရ အုပ်ချုပ်ခဲ့စဉ်က မြန်မာတွေ သူတို့ကို ပြန်မတော်လှန်နိုင်အောင် ဘိန်းခန်းတွေ တရားဝင်ဖွင့်လှစ်ခွင့် ပြုခဲ့တဲ့ နည်းဟောင်း ကြီးကို မိတ္တူကူးခဲ့တာ ဆိုပါစို့။ဒါကြောင့် လက်ရှိအစိုးရ အနေနဲ့ အများထင်သလို န၀တ၊နအဖ စစ်အစိုးရကို အမွေဆက်ခံထားတဲ့ အစိုးရအဖွဲ့ မဟုတ်ကြောင်း၊ တိုင်းပြည်နဲ့လူမျိုးအပေါ် တကယ်စေတနာရှိကြောင်းအပြောနဲ့ မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြချင်ရင် ကင်ဆာရောဂါလို အမြစ်တွယ်နေတဲ့ လောင်းကစားလုပ်ငန်းတွေကို ထိထိရောက်ရောက် နှိမ်နှင်းသင့်ပြီလို့ ငါထင်တယ်။ဒီလိုမှ မဟုတ်ဘဲ ဒီလောင်းကစားလုပ်ငန်းတွေကို မသိမသာဖြစ်စေ၊ သိသိသာသာဖြစ်စေ ဆက်လက်ရှင်သန်ခွင့်ပေးထားဦး မယ်ဆိုရင် နဂိုကမှ ဆင်းရဲတွင်းနက်လှတဲ့ ငါတို့တိုင်းပြည်ဟာ ဒီထက်မက ပိုဆင်းရဲဦးမှာပဲလို့ ဗေဒင်ဆရာမဟုတ်တဲ့ငါ အတတ် ဟောလိုက်ချင်ပါတယ်။

အကယ်၍ ငါ့စကားကို မင်းမယုံကြည်ရင် လောင်းကြေးထပ်ချင် ထပ်လိုက်ပေါ့။
မင်းရဲ့သူငယ်ချင်း
စိုးငယ်