မဟာချိုင်တွင် မြန်မာနိုင်ငံသား လူကုန်ကူးသူ ၅ ဦး ဖမ်းမိ

0
693

ထိုင်းနိုင်ငံ မဟာချိုင်မြို့ ငါးဖမ်းလှေတွင် မြန်မာအလုပ်သမားများအား အဓမ္မအလုပ်ခိုင်းစေကာ ညှင်းပန်းနှိပ်စက်မှု များပြုလုပ်နေသည့် မြန်မာနိုင်ငံသား လူကုန်ကူးသူ ၅ ဦးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ဖမ်းဆီးခဲ့ကြောင်း မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီထံမှ သိရသည်။

ThailandFishingIndustry-621x358
Photo – http://cdn.asiancorrespondent.com

မဟာချိုင်ရဲတပ်ဖွဲ့နှင့် အထက်ပါ ကော်မတီတို့က ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူကုန်ကူးသူများသည် မဟာချိုင်ရှိ ငါးဖမ်းလှေတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားတစ်ဦးက လုပ်အားခကျန် ငွေတောင်းသောကြောင့် လူကုန်ကူးသူများက အုပ်စုဖွဲ့ ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ အရိုက်ခံရသော အလုပ်သမားက အထက်ပါ ကော်မတီကို လာအကူအညီတောင်းသဖြင့် ငါးဂိုဒေါင်တွင် ၀င်ဖမ်းရာ မှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ယင်းကော်မတီ၏ မဟာချိုင်တာဝန်ခံ ဦးအောင်မြတ်သူက ရှင်းပြသည်။

ဖမ်းဆီးထားသည့် လူကုန်ကူးသူများကို  မဟာချိုင်ရဲစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေအရအရေးယူပေးရန် အမှုဖွင့်ထား ကြောင်း သိရသည်။