အတုအယောင် မြှားနတ်မောင် ဆိုဒ်များအား တရုတ် ပိတ်မည်

0
768

တရုတ်တွင် အင်တာနက် ကိုင်တွယ်ထိန်းချုပ်သူ အာဏာပိုင်များက အတုအယောင် မြှားနတ်မော် ၀က်ဆိုဒ်များနှင့် အင်တာနက်မှ စုံတွဲရှာဖွေရေး ဆိုဒ်များကို ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ဒေသတွင်း မီဒီယာများတွင် ရေးသား ဖော်ပြထားသည်။

_80983117_80979165

ယင်းဆိုဒ်များမှ ငွေလိမ်နေခြင်းကြောင့် အသုံးပြုသူ သန်းချီ အထူးသဖြင့် လူငယ်များအား အနှောင့်အယှက်ပေးကာ ပြဿနာဖြစ်စေသည်ဟု တရုတ် ဆိုက်ဘာ အုပ်ချုပ်ရေး ဌာနက ထုတ်ပြန်ချက်ထုတ်ပြန်ထားသည်။

အင်တာနက်ပေါ်ရှိ အတုအယောင် လက်စွပ်လိမ်ရောင်းခြင်းနှင့် ပြည့်တန်ဆာလုပ်ငန်းများအား ကိုင်တွယ်သွားမည်ဖြစ်ကာ အမည်မှန်ဖြင့်သာ အင်တာနက်တွင် မှတ်ပုံတင်ခွင့်ပြုတော့မည်ဟုလည်း ဆိုသည်။

လာမည့် တရုတ်နှစ်သစ်ကူးသည် တရုတ်ရှိ မြှားနတ်မောင် ဆိုဒ်များအတွက် အလုပ်အများဆုံး ရာသီလည်းဖြစ်သည်။

မြို့တွင် အလုပ်လုပ်ကိုင်သည့် လူငယ်များ များလာသည်နှင့်အမျှ အင်တာနက်ပေါ်တွင်သာ ချစ်သူကို ရှာဖွေလာကြပြီး မိဘများကလည်း သင့်တော်သူနှင့် အိမ်ထောင်ချပေးခြင်းများ မလုပ်ကြတော့ဟု ဆိုသည်။

Jiayuan.com အမည်ရ မြှားနတ်မောင် ၀က်ဆိုဒ်သည် ၂၀၁၄ ခုနစ်တွင် အသုံးပြုသူ သန်း ၁၀၀ ကျော်ရှိခဲ့သည်ဟု ရှင်ဟွာသတင်းအေဂျင်စီက ဆိုသည်။

တရုတ်အစိုးရသည် နိုင်ငံခြား ဆိုဒ်များဖြစ်သည့် သတင်းဝက်ဆိုဒ်များအပါအ၀င် လူမှုကွန်ရက် ဆိုဒ်များဖြစ်သည့် ဖေ့ဘွတ်၊ တွစ်တာတို့အား အသုံးပြုခွင့် ပိတ်ဆို့ထားသည်။

မကြာသေးမီကပင် အင်တာနက်အသုံးပြုသူအားလုံးအား အမည်မှန်ဖြင့် မှတ်ပုံတင်ရမည်ဟု ဆိုကာ ထိန်းချုပ်မှုအား တင်းကျပ်ခဲ့ပြီး အင်တာနက် ကောလဟာလဖြန့်သည့် မမှန်မကန် သတင်းတင်သည့် ဘလော့အသေးစားများကို ပိတ်ပစ်ခဲ့သေးသည်။