ရနောင်းခရိုင်အတွင်းရှိ ဆိပ်ကမ်းတစ်ခုတွင် ကပ်ထားသော မြန်မာ ကုန်တင်သင်္ဘော တစ်စီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အကြီးစားမီးလောင်မှုကြောင့် ဘတ်ငွေ ၁၅ သန်းကျော် ဆုံးရှုံးသွားခဲ့ကြောင်း ထိုင်းမှ လာသော သတင်းတစ်ရပ်အရ သိရသည်။

ရနောင်းစည်ပင်သာယာနယ်နိမိတ်အတွင်း မနစ်ဆိပ်ကမ်းတွင် ရပ်နားထားသော မြန်မာ အလံတင် ကုန်တင်သင်္ဘောမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးငြိမ်းသတ်နိုင်ရန် နှစ်နာရီကျော်ကြာကြိုးစားခဲ့သော်လည်း သင်္ဘောတစ်စီးလုံး လောင်ကျွမ်းသွားခဲ့ကြောင်း Thaivisa.com တွင် ရေးသားထားသည်။
သင်္ဘောသည် ယင်းဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဆိုက်ကပ်ခဲ့ပြီး မြန်မာနိုင်ငံ ကော့သောင်း၊ မြိတ်နှင့် ရန်ကုန်တို့သို့ တင်ရန် ကုန်တင်နေစဉ် လောင်ကျွမ်းခြင်းဖြစ်သည်။
သင်္ဘောပေါ်တွင် ပရိဘောဂပစ္စည်းများ၊ ပလစ်စတစ်များနှင့် အဝတ်အထည်များပါသဖြင့် မီးလောင်အားပိုကောင်းခဲ့ကြောင်း ယင်းသတင်းကဆိုသည်။
သင်္ဘောဝမ်းပိုက်အတွင်း လောင်ကျွမ်းမီးစ အနည်းငယ်ကျန်နေသေးသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ သင်္ဘောပေါ် တက်မစစ်ဆေးနိုင်သေးကြောင်း သတင်းတွင် ဖော်ပြထားသည်။