ဖုန်ကြားရှင် တပ်ပေါင်းစုနှင့် သုံးရက်တာ တိုက်ပွဲအတွင်း တပ်မတော်မှ ၄၇ ဦးကျဆုံး

0
724

ဖုန်ကြားရှင်၏ ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့် အခြားတိုင်းရင်းသား တပ်ပေါင်းစုတို့ ပါဝင်သော လက်နက်ကိုင်များနှင့် တပ်မတော်တို့ ဖြစ်ပွားသော သုံးရက်တာ တိုက်ပွဲအတွင်း မြန်မာ့ တပ်မတော်မှ အရာရှိ ၅ ဦး၊ စစ်သည် ၄၂ ဦးကျဆုံးခဲ့ကြောင်း မြန်မာ့ အစိုးရ က သတင်းထုတ်ပြန်သည်။

10981301_656722804455589_4336317797819432072_o
တိုက်ပွဲ ဖြစ်ပွားရာ လောက်ကိုင်ဒေသ။ ဓာတ်ပုံ – MOI

ဖေဖော်ဝါရီ ၉ ရက်နေ့မှ ၁၂ ရက်နေ့ အထိ တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ စုစုပေါင်း ၄၇ ဦး ကျဆုံးကာ အရာရှိ ၁၁ ဦးနှင့် စစ်သည် ၆၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လောက်ကိုင်ဒေသ အတွင်း ထိတွေ့တိုက်ပွဲဖြစ်ခြင်း လက်နက်ဖြင့်ပစ်ခတ်ခြင်းတို့ကြောင့် မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးနှင့် ကိုးကန့်ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့လည်း ကျဆုံးခဲ့ကြောင်း သတင်းကဆိုသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့သည် ပြည်ထောင်စုနေ့ မတိုင်မီ လောက်ကိုင်မြို့ အား သိမ်းပိုက်၍ အစိုးရ အကျပ်အတည်း ဖြစ်စေရေး ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့သော်လည်း တားဆီးနိုင်ခဲ့ကြောင်း ယင်းသတင်းကဆိုသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လောက်ကိုင်ဒေသအား ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။

ယင်းသို့ တိုက်ပွဲများ ဖြစ်ပွားနေချိန် နေပြည်တော်တွင် သမ္မတ၊ လွှတ်တော်နှင့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်များ တွေ့ဆုံကာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများကို အထောက် အကူပြုစေမည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက် (Deed of Commitment for Peace and National Reconciliation) ကို လက်မှတ် ရေးထိုးကြသည်။

 

 

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများကို အထောက် အကူပြုစေမည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက် လက်မှတ်ရေးထိုးသူများ

-နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများ၊
-ပြည်ထောင်စုဝန်ကြီး ၁၄ ဦး၊
-ပြည်ထောင်စု လွှတ်တော် နာယကနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ တို့ အပါအဝင် လွှတ်တော် ကိုယ်စားပြု ၅ ဦး၊
– ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊
– တပ်မတော ကိုယ်စားပြု(၃)ဦး၊
–  ကရင် အမျိုးသား အစည်းအရုံး၊
– ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊
– ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ)၊
– ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်၊
– တိုင်းရင်းသားရေးရာ ဝန်ကြီး ၂၉ ဦး၊
– နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၅၅ ဦး