ဗယ်လင်တိုင်းဒေးမှာ ထိုင်းဆယ်ကျော်သက်တွေ လိင်မှုဖွယ်ရာ ရှောင်ဖို့ နှိုးဆော်

0
887
Dawei Watch, Dawei News, Dawei News Media

ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျရောက်သည့် ဗယ်လင်တိုင်းဒေးတွင် ထိုင်း ဆက်ကျော်သက်များ လိင်မှုရေးရာများ ရှောင်ကျဉ်ကြရန် ထိုင်း စာရိတ္တမြှင့်တင်ရေး စင်တာက နှိုးဆော်လိုက်သည်။

Thai-teens-urged-to-skip-the-sex-on-Valentines-Day
၂၀၁၄ ခုနှစ်က ချင်းမိုင်မြို့တွင် ဗယ်လင်တိုင်းဒေးကို ဆင်နွှဲနေသော ဆက်ကျော်သက်များ။ Photo by 501room/Shutterstock

ချစ်သူများနေ့ဟု မြန်မာနိုင်ငံတွင် ခေါ်ဝေါ်ကြသော ဗယ်လင်တိုင်းဒေးတွင် အန္တရာယ်များသည့် အပြုအမူများကို ရှောင်ရှားသည့် အနေနှင့် ထိုင်းဆက်ကျော်သက်များသည် ညနေစာ အတူစား ချိန်းတွေရုံဖြင့် ကျေနပ်ကြရန် ယင်း စင်တာက ဆိုသည်။

“ရထားတဲ့သတင်းအချက်အလက်တွေ အရဆိုရင် ထိုင်းဆက်ကျော်သက် ၈၃ ရာခိုင်နှုန်းက ဗယ်လင်တိုင်းဒေးမှာ လိင်ဆက်ဆံဖို့ ပြင်နေကြတယ်”ဟု စင်တာ ညွန်ကြားရေးမှူးချုပ် Sin Suesuan က ဆိုသည်။

ထိုင်းရဲတပ်ဖွဲ့ အနေနှင့်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ မှုခင်းများ ဖြစ်ပွားနိုင်သော နေရာများတွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။