တစ်ပတ်အတွင်း လှုပ်ရှားမှု သတင်းများ

0
663
ဓာတ်ပုံ – နိုင်သစ်

ထားဝယ်၊ မြိတ်၊ ကော့သောင်းတို့မှ တစ်ပတ်အတွင်း လှုပ်ရှားမှုများကို ဖော်ပြလိုက်ပါသည်။

 ဓာတ်ပုံ - သရက်ချောင်းသား
ဓာတ်ပုံ – သရက်ချောင်းသား

၂၀၁၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေး ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို သရက်ချောင်းမြို့နယ်၊ အ.မ.က ၁ ကျောက်မြောင်း၌ ဇန်နဝါရီလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည်။


ဓာတ်ပုံ -  ဖိုးဇော်
ဓာတ်ပုံ – ဖိုးဇော်

၉ ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ထားဝယ်မြို့နယ်၊ ရှင်မုတ္တွီးကျေးရွာ၊ ဘုရားဝင်းအတွင်း၌ ဖေဖော်ဝါရီလ ၃ ရက်နေ့က ကျင်းပခဲ့သည်။


ဓာတ်ပုံ - အောင်သူ
ဓာတ်ပုံ – အောင်သူ

ဗိုလ်ချုပ်နှစ်တစ်ရာပြည့် အထိမ်းအမှတ်အကြိုအဖြစ် ကလေးများ၏ စုပေါင်းအပြေးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့က နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


ဓာတ်ပုံ - တင့်လွင်
ဓာတ်ပုံ – တင့်လွင်

ကလျာဏမိတ္တပရဟိတကာရီ ဖောင်ဒေးရှင်းမှ သီလရှင်အပါး ၄၀၀ အား ပထမအကြိမ် ဆွမ်း၊ ဆန်လောင်းလှူ ခြင်းကို ထားဝယ်မြို့၊ ဘုရားကြီးဝင်းအတွင်း၌ ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြုလုပ်ခဲ့သည်။


 ဓာတ်ပုံ - တင့်လွင်
ဓာတ်ပုံ – တင့်လွင်

စီမံကိန်းနှင့်ပတ်သက်ဆက်နွယ်သော သက်ဆိုင်ရာအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးအစိုးရနှင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ထားဝယ်မြို့၊ ဟိုတယ်ဇေယျာထက်စံ၌ ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြုလုပ်ခဲ့သည်။


ဓာတ်ပုံ - တင့်လွင်
ဓာတ်ပုံ – တင့်လွင်

၂၀၁၃-၂၀၁၄ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်း အနားကို ထားဝယ်မြို့၊ အ.မ.က ဆန်းချီ၌ ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြုလုပ်ခဲ့သည်။


ဓာတ်ပုံ - ဇော်ဇော်
ဓာတ်ပုံ – ဇော်ဇော်

၆၈ နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို မြိတ်မြို့နယ်ရှိ ရာမညမွန်ကျောင်း၌ ဖေဖော်ဝါရီလ ၄ ရက်နေ့နံနက်က ကျင်းပခဲ့သည်။


 ဓာတ်ပုံ – နိုင်သစ်
ဓာတ်ပုံ – နိုင်သစ်

၆၈ နှစ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့ညက ကော့သောင်းမြို့၊ မြို့မအားကစားကွင်း၌ ပြုလုပ်ခဲ့သည်။


ဓာတ်ပုံ – နိုင်သစ်
ဓာတ်ပုံ – နိုင်သစ်

ကျေးလက်ဒေသ အခြေခံမွေးမြူရေး လုပ်သား(ဃဗျွှံ) ၁၀ ရက် သင်တန်းပြီးဆုံးခြင်းနှင့် သင်တန်းဆင်း လက်မှတ် ပေးအပ်ခြင်းအား ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ခရိုင်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ရုံးခန်းမ၌ ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြုလုပ်ခဲ့သည်။


ဓာတ်ပုံ – ဇော်ဇော်
ဓာတ်ပုံ – ဇော်ဇော်

မြိတ်မြို့နယ်ရှိ စာသင်တိုက်များမှ ပရိယတ္တိသာသန ပါလစာမေးပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ လေးကျွန်းဆီမီးသိမ်တော်ကြီး၊ ဗုဒ္ဓသာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်လျက်ရှိသည်။


ဓာတ်ပုံ - နိုင်သစ်
ဓာတ်ပုံ – နိုင်သစ်

၆၈ နှစ်မြောက် မွန်အမျိုးသားနေ့နှင့် မွန်အလံတင်ခြင်း အခမ်းအနားကို အေးရိပ်ငြိမ်ရပ်ကွက် မြို့မအားကစားကွင်း၌ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြုလုပ်ခဲ့သည်။