ဒေါက်တာသိန်းလွင်ကို NLD မှ ရပ်ဆိုင်း

0
680

ဒေါက်တာသိန်းလွင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အရန် ဗဟိုကော်မတီဝင်အဖြစ်မှ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း NLD က သတင်းထုတ်ပြန်လိုက်သည်။

url
Photo – DVB

 

တားမြစ်ချက်များကို မလိုက်နာခြင်း၊ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းကြောင့် ထိုသို့ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း NLD ၏ ဖေဖော်ဝါရီလ ၉ ရက်နေ့ ထုတ်ရက်စွဲဖြင့် ထုတ်ပြန်သော စာတွင် ဖော်ပြထားပြီး ဒေါက်တာသိန်းလွင် ဦးဆောင်နေသာ အဖွဲ့ချုပ်၏ ဗဟိုပညာရေး ကော်မတီအားလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ကြောင်း သီးခြားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြိုတင် အသိပေးခြင်းမရှိဘဲ ပညာရေးပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၏ ကိုယ်စားလှယ်အဖြစ် အမျိုးသား ပညာရေး ဥပဒေ ပြုပြင်ပြောင်းလဲရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲကို တက်ရောက်ခဲ့သဖြင့် ပါတီစည်းမျဉ်းအရ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးနောက် ယခုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

ဒေါက်တာသိန်းလွင်အနေနှင့် NNER ၏ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အဖွဲ့ချုပ်က ချမှတ်သည့် ဆုံးဖြတ်ချက်ကို လိုက်နာသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ဒေါက်တာသိန်းလွင် တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက်နေစဉ် ရပ်နားထားသော လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပြန်စရေး အစိုးရနှင့် ညှိနှိုင်းလျက်ရှိသည်။