ကျွန်မအတွက် အတွေး တစ်ချက် လောက်များ ဖြစ်တည် ခဲ့ဖူးပါသလား (၁)

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မြေပြင်ပေါ်ကနေ ဘီးတွေသိမ်း လိုက်ကာ လှလှပပ ဝေဟင်ထဲ ပျံတက် သွားသည့် လေယာဉ်ကြီးအား ဆိုင် ကယ်ကို အသေအချာရပ်ထားရင်းမှ ဆိုင်ကယ်ပေါ်မှ မဆင်းဘဲ မြ လှမ်း ကြည့်နေမိသည်။ ခရီးသည် များစွာကို တင်ဆောင်သွားသည့် လေယာဉ်ကြီး သည် ကြည်ပြာရောင် ဝေဟင်ကြီးထဲ တရွေ့ရွေ့ ခရီးနှင်သွားလေပြီ။

Nikon D70 through the viewfinder of a Kodak Duaflex

ဒီလိုမြင်ကွင်းသည် ဘာမှထူးခြား ဆန်းကျယ်တာ မရှိချေ။ လေယာဉ်ဆို တာ ဝေဟင်ထဲပျံဝဲသည့် ယာဉ်သာဖြစ် သည့်အတွက် ပျံမည်သာ။ “လေယာဉ် ကြီး၊ လေယာဉ်ကြီး”ဆိုပြီး လက်ညှိုး ထိုးအော်ရမည့် အရွယ်ကို ကျော်လွန် ခဲ့ပြီးတာလည်း ဆယ်စုနှစ်တွေ များနေခဲ့ပြီဖြစ်သည့် လူသားတစ် ယောက်အနေနှင့်ဆို ထိုမြင်ကွင်း အား နေ့စဉ်လိုလို ခဏခဏ ရပ်ကြည့်စရာ အကြောင်း မရှိတော့ချေ။

သို့သော်….။

ရုံးတက်ရုံးဆင်းချိန်တိုင်း လေယာဉ်ကွင်းလမ်းကို ဖြတ်သန်း ရသည့် မြ မှာတော့ လုံလောက်သည့် အကြောင်းပြချက် တစ်ခုရှိနှင့် နေခဲ့ပါ သည်။ မြေပြင်ကနေ ဝေဟင်ထဲ ပျံတက်သွားသည့် လေယာဉ်များအား ရပ်ကြည့်ရသည့်အကြောင်း အတွက် ဆိုပါတော့ …..။

လေယာဉ်တွေကို စိတ်ဝင်စား သည်။

ဟုတ်ပါသည်။

မြ လေယာဉ်တွေကို စိတ်ဝင်စားပါ သည်။ အထူးသဖြင့် မြေပြင်ကနေ ဝေဟင်ထဲ လွင့်ပျံတက်သွားသည့် အချိန်လေးကို ဆိုပါတော့။

။ ။ ။ ။ ။ ။ ။ ။ ။

“ဟက် ဟက် မှီအောင်လိုက်လေ ကွာ.. ဘာလဲ… အရှုံးပေး မလို့လား…” ဘေးနားကနေ ကပ်စီးရင်းမှ ရိသွားသည့် ဘီးနောက်သို့ မြ အသည်း အသန် လိုက်သည်။ သုံးမိုင်ကျော် ကျော်လောက်ကို သူတစ်လှည့် ငါ တစ်လှည့်ကျော်ရင်း နင်းလာခဲ့သည်မို့ အမှန်တိုင်းဝန်ခံရလျှင် မြ တော်တော် လေး မောနေပြီ ဖြစ်သည်။ ချွေးထွက် များနေပြီဖြစ်ကာ ရေလည်း သောက် ချင်နေပြီ။

သို့သော် ရပ်လိုက်မည်ဆို မင်းတို့ မိန်းကလေးတွေက ဒီလောက်တောင် အပင်ပန်းမခံနိုင်ဘူး အပြောခံရမှာလည်း သေမလောက် ကြောက်တာကြောင့် ရပ် မည့် အရိပ်အယောင် မပြသည့်တိုင် အခြေအနေကို ရိပ်မိပုံရသည့် သူက တော့ ဘေးကနေ ကပ်ရိလိုက်၊ ကျော်သွားလိုက်ဖြင့် အမျိုးမျိုး လှောင်နေသည်။

အမှန်တော့ Cycling ကို မြ စိတ်ဝင်စားခဲ့တာ မဟုတ်ချေ။

အတင်း ခေါ်လွန်း၍သာ နည်းနည်းလည်း စိတ်ပါလာ၍ လိုက်လာခဲ့ခြင်း ဖြစ်သည်။ စက်ဘီး စီးလေ့ စီးထလည်း သိပ်မရှိတော့ နင်းရင်းနင်းရင်းနှင့် ခြေထောက်တွေလည်း တောင့်လှပြီ။

ကျော်တက်သွားရင်း လက်ပြ သွားသည့် ဘီးနောက်အမီ လိုက်ရင်း လေယာဉ်ကွင်းလမ်းပေါ် ရောက်လာခဲ့ သည်။ လမ်းလျှောက်သူတွေ၊ ပြေးနေသူတွေ၊ လေ့ကျင့်ခန်း လုပ်နေသူတွေ အများကြီးပဲ ဖြစ်သည်။ မနက်စောစောနှင့် ညနေစောင်း အချိန်တွေဆို ဒီလမ်းလေးမှာ လူစည် လှပါသည်။ သက်ကြီးပိုင်းတွေများကာ အငယ်ကျတော့ Overweight သမားတွေသာ ဖြစ်လေသည်။

လူနည်းနည်း ရှုပ်တာကြောင့် အ ရှိန်လျှော့ထားလိုက်ရင်း ဘရိတ် ပေါ်လက်ရောက်မိစဉ် မကြာသေးခင် ကမှ ကြည့်ဖြစ်ခဲ့သည့် ဇာတ်ကား တစ်ကားမှ မင်းသားကို သတိရ လိုက်မိသည်။ ဘီးဖြင့် စာပို့သည့် ဇာတ်ကောင်၊ သူ့ဆီမှာ ဘရိတ်မပါ။ သူ့အတွက် ဘရိတ်သည် အန္တရာယ်တဲ့ လေ။ ဇာတ်ကားနာမည်က ခေါင်းထဲမှာ မေ့တေ့တေ့။ ဘာရယ်မဟုတ် တစ်ချက် ပြုံးမိရင်း အရှိန်တင်ရမလား တွေးမိ တုန်း ရှိသေးသည်။ ရှေ့မှ ဘီးက လမ်းဘေးရှိ သစ်ပင်ကြီးအောက်မှာ အရှိန်သတ်ကာ ရပ်နေလေပြီ။

“ဘယ်လိုလဲ…. တော်တော်မှ ပျော်သွားရဲ့လား… နားချင်လွန်းလို့ သေမတတ်ဖြစ်နေတဲ့ အချိန်မှာ နား လိုက်ရလို့လေ..”

ဘီးပေါ်ကနေ ခြေတစ်ဖက်ပဲ ချရ သေးသည်။ နားထဲဝင်လာသည့် စကား လုံးတွေက ထော်လော်ကန့်လန့်။ မျက် စောင်းတစ်ချက်ကို ပစ်ပစ်နှစ်နှစ် ထိုး ပစ်ပြီးမှ ကလေးဆန်လွန်းသွားမလား တွေးမိပေသည်။ အတွေးက နောက်ကျ သွားသည်။

သူ့ဆီမှာ မြ မကြိုက်သည့် နံပါတ်တစ်အချက်က လူတစ်ယောက်၏ အတွင်းစိတ်ကို တိတိကျကျ ခန့်မှန်း နိုင်ခြင်း အတတ်ပညာ။

ဘီးကို မြက်ခင်းပေါ်လှဲထားလိုက် ရင်း သစ်ပင်ကို မှီကာ ခြေပစ်လက်ပစ် ထိုင်လိုက်ရသော အရသာကောင်းလှ သည်။ ကျောပိုးအိတ်ထဲက ရေဘူးကို ထုတ်၊ အဝသောက်လိုက်ပြီး အသင့်ပါ လာသော ပုဝါဖြင့် ချွေးတွေသုတ်ပစ် လိုက်သည်။ တဖြူးဖြူးတိုက်နေသည့် လေအေးအေးမျက်လုံးတစ်စုံ မှိတ်ရင်း တစ်ခဏ အရသာ ခံမိသည်။ တော်တော်လေးနေလို့ ထိုင်လို့ ကောင်းသည့် အချိန်လေးပဲ ဖြစ်သည်။

“ဘယ်လိုလဲ …. Cycling အရ သာ”

“ကောင်းပါတယ်”

“နည်းနည်းမောတာလောက်ပဲ ဆို တော့”

မျက်နှာဆီလေနှင့် လှမ်းမှုတ်ရင်း ပြောတာကြောင့် နောက်တစ်ကြိမ် မျက် စောင်းထိုးပစ်လိုက်သည်။

“ဒါပေမယ့် ကျွန်မအရင် မရပ်ပါ ဘူးနော်.. ကိုကြီးရပ်လို့သာ မကောင်း တတ်လို့ရပ်တာ ဟွန်း..”

“ဟက် ဟက် အပြောကောင်းပါ့ မမရယ်..”

သူဟက်ဟက်ပက်ပက် ရယ်တော့ မြ ပါလိုက်ရယ်ဖြစ်သည်။ ရယ်နေရင်း မှ ခေါင်းမော့ကာ ရယ်မောနေသော သူ့ဆီ အကြည့်ရောက်ဖြစ်သည်။

။ ။ ။ ။ ။ ။ ။ ။ ။

ကိုကြီး . . . ။

မြက ကိုကြီးဟုခေါ် သည့် သူသည် မြအတွက် တော်တော် ပြောရ ခက်ပါသည်။ တစ်ယောက် ယောက်ကသာ မြနှင့် ကိုကြီးကို “ဘာလဲ”ဟု မေးလာခဲ့လျှင် မည်သို့ ဖြေရမည်မသိ။ သို့သော် ကံကောင်း ထောက်မစွာဖြင့် ဘယ်သူမှ အခုချိန် အထိတော့ မမေးကြသေးချေ။

ကိုကြီးက မြထက် လေးနှစ်အသက် ကြီးသည်။ လေးဆလောက်လည်း အသိ ဥာဏ်ကြွယ်လေသည်။

သူငယ်ချင်းလား ဆိုတော့လည်း ဟုတ်သည်။ မိတ်ဆွေလည်း ဟုတ်သည် ။ အသိဆိုလည်း ဟုတ်သည်။ ဒီထက်ပို လားဆိုတော့လည်း ပိုသည်ဟုပဲ မြက တော့ ထင်ပါသည်။

အနည်းဆုံးတစ်ရက်ကမှာ နှစ်ကြိမ် ဖုန်းပြော ဖြစ်သည်။ မက်ဆေ့ခ်ျ အစောင်ရေ များစွာ ပို့ဖြစ်သည်။ တစ်ပတ်မှာ လေးကြိမ် ထက်မနည်း ဆုံဖြစ်သည်။ Cycling အတူတူသွား ဖြစ်သည်။ ကော်ဖီ အတူတူသောက် ဖြစ်သည်။ မြ ကြိုက်သည့် Burger ကို ရုံးအရောက် အကြိမ်ကြိမ် လာပို့ဖူးသည်။ အကြည့် နွေးနွေးများဖြင့် မကြာခဏဆိုသလို အကြည့်ချင်း ဆုံဖြစ်ကြသည်။ တစ်ခုခုကြောင့် မြစိတ်ဆိုးလျှင် စိတ်ရှည်လက်ရှည် ချော့တတ်သည်။

ထိုအချက်များကြောင့် ချစ်သူတွေ လား ဆိုပြန်တော့ မဟုတ်ချေ။၏

မြကို ကိုကြီးတရားဝင် ချစ်ရေးမှမဆိုဖူးဘဲလေ။

။ ။ ။ ။ ။ ။ ။ ။ ။ ။

“ဘယ်လိုလဲ… ကိုယ်ပြောထားတဲ့ ကိစ္စ.. စဉ်းစားပြီးပြီလား..”

ဟင်. . . ။ ပြောထားတဲ့ ကိစ္စ . . ။ ပြန်ပြုံးပြလိုက်ဖြစ်သည့် မြအပြုံးက မဝံ့မရဲနိုင်လှသည်။

စဉ်းစားပြီးပြီလားဆိုတော့ စဉ်းစားပြီးပြီပဲ ပြောရမှာ ဖြစ်သည်။ အကြိမ်ကြိမ် စဉ်းစားပြီးခဲ့ပေမယ့် ခက်တာက ဆုံးဖြတ်ချက်တစ်ခု အခိုင်အမာ ထွက်မလာတာ ဖြစ်သည်။

“အခုချိန်ထိ မဆုံးဖြတ်ရသေးဘူး …”

ကိုကြီးလေသံက နည်းနည်းမာချင် သည်ဟု မြတွေးမိသည်။ ပြုံးနေပေ မယ့် ကိုကြီးမျက်လုံးတွေက နည်းနည်း အေးစက်စက်နိုင်လှသည်။

သက်ပြင်းတစ်ချက်ကို ကျိတ်ချမိ ရင်း မျက်လွှာချမိသည်။ ကိုကြီး မကြိုက်တာကို မြ မလုပ်ချင်ပါ။ သို့သော်… ဒီအရာတစ်ခုကိုတော့ စွန့်လွှတ်ဖို့ရာ မြအတွက် တော်တော် လေး ခက်ခဲလှပါသည်။

ဆံပင်ရှည်ရှည်နှင့် မြင်ချင်သည် ဆိုတော့ ခေါင်းလျှော်ပြီးတိုင်း ခေါင်း ကိုက်ပါလျက်နှင့် မြဆံပင်အရှည်ထား ခဲ့သည်။ မြန်မာဆန်ဆန်ဝတ်ပါ ဆို တော့လည်း မြန်မာဝတ်စုံတွေ ချုပ်လိုက် ရတာ အမော။ နောက်ထပ် နောက်ထပ် တောင်းဆိုချက်တိုင်းကိုလည်း ခေါင်း ညိတ်ဖြစ်ခဲ့သည်သာ။

သို့သော်..။

“ကိုယ်မင်းကို ဘယ်လောက် အလေးအနက်ထားလဲဆိုတာ ကိုယ်ပဲသိ တယ် မြ”

ပြောပြန်ပြီ။ ထိုစကားကို ကိုကြီး အကြိမ်ပေါင်း များစွာ ပြောခဲ့ဖူးသည်။ လွန်ခဲ့သည့် တစ်နှစ်ကျော်တုန်းက Viber ကနေ အသိအကျွမ်း ဖြစ်ခဲ့ပြီးသည့် အချိန်ကစပြီး မရေတွက် နိုင်တော့အောင် မြ နားထောင်ခဲ့ရပြီးသည့် စကား။

အလေးအနက်… ။

အရင်ကတော့ ထိုစကား အသုံးအနှုန်းအား   တော်တော် လေးနှစ်ခြိုက်ခဲ့ ပေမယ့် နောက်ပိုင်းမှာ တော်တော် နားခါးသော စကားလုံး ဖြစ်လာခဲ့သည်။ ဘာကြောင့် ထိုအသုံးအနှုန်း ကို သူအကြိမ်ကြိမ် သုံးနေခဲ့လဲဆိုတာ မြ တကယ်ကို နားမလည်နိုင်ပါချေ။

“မြန်မြန် ဆုံးဖြတ်ပါ မြ… မဟုတ်ရင် သိပ်နောက်ကျသွားလိမ့်မယ်.. ကိုယ်အကြာကြီး မစောင့်ဘူးနော်”

ကိုကြီးဆီတွင် မြ မုန်းသည့် ဒုတိယအချက်ဖြစ်သည်။

ဘာကို နောက်ကျသွားမှာလဲ။ ကို ကြီးက ဘာကို မစောင့်နိုင်ဘူးလဲ။ မြ မသိပါ။ ထိုအချိန်လေးမှာ မြ သေချာ သိလိုက်တာတစ်ခုက ကိုကြီးသည် မိန်းမတစ်ယောက်ကို “ချစ်တယ်” ဟူ သည့် စကားမဖွင့်ဟဘဲ ချည်နှောင် ရန် အတင်းကြိုးစားနေသူသာ ဖြစ် သည်ဟု…. ။

လေယာဉ်ကွင်းထဲမှ လေယာဉ်တစ် စင်း ကောင်းကင်ပေါ်ပျံတက်သွားခဲ့ သည်။

Desktop ပေါ်မှ စူပုတ်ပုတ်ဓာတ် ပုံလေးအား စိုက်ကြည့်နေမိရင်း နာနာ ကျည်းကျည်းပဲ တစ်ချက်ပြုံးလိုက်ဖြစ် သည်။

ဒီပုံလေးကြောင့် ဖြစ်သည်။ ဒီပုံ လေးတစ်ပုံကြောင့်သာ အဆုံးသတ် မလှသည့် ဇာတ်လမ်းတစ်ခုကို ရေးသားမိသည်။ ဒီပုံလေးကြောင့်သာ နာနာကျင်ကျင် ပြုံးတတ်လာခဲ့တာ။ အိပ်ပျက်ညတွေ များလာခဲ့တာ။ လမ်းပျောက်နေခဲ့တာ။ ရူးသွပ် နေမိခဲ့တာ။ မနက်ဖြန်တွေ ရောက် လာလို့ ရောက်လာမှန်း မသိနိုင်လောက် အောင် ဒီနေ့မှာပဲ နေထိုင်ရှင်သန်နေမိ ခဲ့တာ။

 

(ကျွန်မအတွက် အတွေး တစ်ချက် လောက်များ ဖြစ်တည် ခဲ့ဖူးပါသလား (၂) သို့)