တစ်ပတ်အတွင်း လှုပ်ရှားမှု သတင်းများ

0
708

ထားဝယ်၊ မြိတ်၊ ကော့သောင်းတို့မှ တစ်ပတ်အတွင်း လှုပ်ရှားမှုများကို ဖော်ပြလိုက်ပါသည်။


1) htamane ,Dawei, Photo By Phoe Zaw  (4) ထားဝယ်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီလ ၃၀ ရက်နေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။ ဓာတ်ပုံ–ဖိုးဇော်


4) General Aung San , Dawei, Photo By Tint Lwin  (1) ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ထားဝယ်မြို့၊ ရတနာပုံကဖီး၌ ဇန်နဝါရီလ ၂၅ရက်နေ့မှ ၂၆ ရက်နေ့အထိပြုလုပ်ခဲ့သည်။ ဓာတ်ပုံ–တင့်လွင်


5) Education , Dawei, Photo By Aung Thu  (1) ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေး ၂၀၁၅ ခုနစ်ပညာရေးစုံညီပွဲတော်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၃၀ ရက်နေ့ကအ.ထ.က (၁) ထားဝယ်မြို့၌ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ–အောင်သူ


6) Nation Card , Dawei, Photo By NRC  (1) မိုးပွင့်(အထူး) စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးခြင်းကို လောင်းလုံးမြို့၊ နခံတောကျေးရွာ၌ ဇန်နဝါရီလ ၂၈ ရက်နေ့ကဒေသခံရွာသူ၊ ရွာသား ၆၄ ဦးအား အခမဲ့ပြုလုပ်ပေးခဲ့သည်။ ဓာတ်ပုံ–NRC


7) Education , Dawei, Photo By Kyarinnthar မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲပညာရေးစုံညီပွဲတော်ကိုသရက်ချောင်းမြို့နယ်၊ ကြာအင်းကျေးရွာအ.လ.ကခွဲ၌ ဇန်နဝါရီလ ၂၃ ရက်နေ့ကပြုလုပ်ခဲ့သည်။ ဓာတ်ပုံ–ကြာအင်းသား


2) Road Meet , Dawei, Photo By Phoe Zaw  (1) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့က ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ–ဖိုးဇော်


8) General Aung San 100 Year Day , Kawthaung , Photo By Naing Thit  (3) ဗိုလ်ချုပ်မွေးနေ့နှစ် ၁၀၀ ပြည့်အကြို အထိမ်းအမှတ်ဖြင့် အားကစားပြိုင်ပွဲများ ဖျော်ဖြေရေးပွဲများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ကော့သောင်း) လူငယ်များမှ ဇန်နဝါရီလ ၃၀မှ ၃၁ ရက်နေ့အထိ အဏ္ဏဝါရပ်ကွက်ရှိ မဉ္ဇူသကခန်းမရှေ့၌ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ–နိုင်သစ်


9) Sarpay , Kawthaung , Photo By Naing Thit  (1) ကော့သောင်းမြို့မိမြို့ဖများနှင့် စာပေချစ်သူများ ပူးပေါင်းစီစဉ်သော စာပေဟောပြောပွဲနှင့် စာအုပ် ဈေးရောင်းပွဲတော်ကို ကော့သောင်းမြို့၌ ဇန်နဝါရီလ ၂၈ရက်နေ့မှ ၂၉ ရက်နေ့အထိပြုလုပ်ခဲ့သည်။ ဓာတ်ပုံ–နိုင်သစ်


10) General Aung San 100 Year Day , Kawthaung , Photo By Naing Thit  (2) ဗိုလ်ချုပ်မွေးနေ့နှစ် ၁၀၀ ပြည့်အကြို အထိမ်းအမှတ် သံဃာတော်များအား ဆွမ်းကပ်ခြင်းကို ကော့သောင်းမြို့၊ ထားဝယ် တိုင်းရင်းသားများပါတီရုံး ရှေ့၌ ဇန်နဝါရီလ ၂၉ ရက်နေ့ကပြုလုပ်ခဲ့သည်။ ဓာတ်ပုံ – နိုင်သစ်


11) Wishing for kachin Teacher အဓမ္မပြုသတ်ဖြတ်ခံရသည့် စေတနာဝန်ထမ်း ကချင်တိုင်းရင်းသူ ကျောင်းဆရာမနှစ်ဦးအတွက် မေတ္တာပို့ ဝတ်ပြုဆုတောင်းပွဲကို မြိတ်မြို့နယ်ရှိလေးကျွန်း ဆီမီးသိမ်တော်ကြီးတွင် ဇန်နဝါရီလ ၂၅ ရက်နေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။