ကျွဲကောသီး

0
926

ကျွဲကောသီးသည် ကျန်းမာရေး အတွက် များစွာအထောက်အကူပြုသော သစ်သီးဝလံ အမျိုးအစားတွင် ပါဝင် သည်။ ရှောက်သံပရာမျိုးဝင် အသီးများ စာရင်းတွင် ကျွဲကောသီးသည် မူလမျိုး စိတ် အစစ်အမှန် ဖြစ်၏။ ဂရိတ်ဖရု၊ သံပရိုသီး၊ လိမ္မော်သီး စသည်တို့သည် မျိုးစိတ်နှစ်မျိုးစပ်ထားသော နှစ်မျိုး ပေါင်းအသီးများ ဖြစ်ကြသည်။

pomelometal

ကျွဲကောပင်များ၏ ဒေသရင်း ပေါက်ရောက်ရာ အရပ်သည် အရှေ့ တောင် အာရှဒေသဖြစ်၏။ ကျွဲကောပင် အားအစေ့မှ စိုက်ပျိုးလျှင် အပင်သက် တမ်း ၈ နှစ်ကြာမှ အပွင့်ပွင့်ကာ စ တင် အသီးသီးသည်။ ကိုင်းကူးကိုင်း ဆက်နည်းဖြင့်လည်း စိုက်ပျိုးနိုင် ပေသည်။ ယခုအခါ ကျွဲကောပင် များကို တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဖီဂျီနိုင်ငံ၊ မလေးရှားနှင့် ထိုင်းနိုင်ငံများ အပြင် ကာရစ်ဘီယံ ပင်လယ်ကွေ့ ဒေသများ၊ အမေရိကန်နိုင်ငံ ကာလီဖိုးနီး ယားနှင့် ဖရိုရီဒါပြည်နယ် များတွင် စီးပွားဖြစ် စိုက်ပျိုးလျက်ရှိ ကြပေသည်။

ကျွဲကောသီးသည် မှည့်သည့်အခါ အစိမ်းနုရောင်မှ အဝါရောင်အထိ ရှိ၏။ အခွံနှင့် ကပ်လျက် ဖော့သားရှိပြီး ဖော့ သား၏ အောက်တွင် ပျော့ပြောင်းသည့် အသားရှိသည်။ အဖြူသီးနှင့် အနီးသီး ဟူ၍ မျိုးကွဲနှစ်မျိုးရှိပြီး အရသာမှာ အများအားဖြင့် အဖြူရောင်အသားရှိသော အသီးများသည် ချို၍ အနီရောင်အသားရှိ သောအသီးများသည် ချဉ်သည်။ အသီး အရွယ်ပမာဏသည် လုံးပတ် အချင်း ၆ လက်မမှ ၉ လက်မအထိရှိပြီး၊ အလေးချိန်အားဖြင့် ၂ ပေါင်မှ ၄ ပေါင်အထိ ရှိသည်။ ကျွဲကောသီး၏ ရုက္ခဗေဒမည် မှာ Citrus Maxima  ဖြစ်ပြီး အင်္ဂလိပ် အခေါ်အဝေါ်မှာ Pomelo ဖြစ်၏။

ကျွဲကောသီးတွင် ဗိုက်တာမင် စီ၊ ဘီအုပ်စုဝင် ဗိုက်တာမင်များ အမျှင် ဓာတ်နှင့် သတ္တုဓာတ်များဖြစ်ကြသော ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ မဂ္ဂနီးစ်၊ သံဓာတ်နှင့် ဖေါ့စ်ဖါ့ရပ်ဓာတ်များ ပါ ရှိသည်။ ကျွဲကောသီး၏ ထူးခြားချက် သည် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုသော အက်စ်ကော့ဗစ် အက်စစ်၊ ဗိုက်တာမင် စီဓာတ်ကြွယ် ၀စွာ ပါရှိခြင်း ဖြစ်၏။

ကျွဲကောသီး တစ်စိတ်(၁၅၂-ဂရမ်) မှ စွမ်းအင် ၆၀ ကယ်လိုရီ ရရှိပြီး ခန္ဓာကိုယ်အတွက် တစ်နေ့တာလိုအပ်သော ဗိုက်တာမင်စီ ဓာတ် ၁၃၀ ရာခိုင်နှုန်း ရရှိပေသည်။

ဗိုက်တာမင်စီဓာတ်သည် ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားကို အလျင်အမြန် မြင့်တက်နိုင်စွမ်း အာနိသင်ရှိသည်။ အအေးမိ၊ နှာစေး၊ ချောင်းဆိုးရောဂါ များနှင့် အဏုဇီဝပိုးမွှားများကြောင့် ဖြစ်သော ရောဂါများအား သက်သာ ပျောက်ကင်းစေနိုင်စွမ်းရှိပေသည်။ ၎င်းအပြင် ယင်းသည် ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်သည့် အ လျောက် ခန္ဓာကိုယ်အတွင်းရှိ သွေးဖြူ ဥများ၏ လုပ်ဆောင်ချက်များအား တိုးမြှင့်ပေးသည်။ ခန္ဓာကိုယ်အား ဘက် ပေါင်းစုံ ဆိုးကျိုးပေးသော ဖရီရယ်ဒီကယ် အိုင်းယွန်းများအား ချေဖျက်နိုင်စွမ်း ရှိသည်။ ဖရီရယ်ဒီကယ် အိုင်းယွန်းများကြောင့် ခန္ဓာကိုယ် အရေပြား အရည်အaသွေး ကျဆင်းပြီး အရွယ်မတိုင်မီ ဇရာ၏ လက္ခဏာများ ဖြစ်သော အသားအရေ တွန့်ရှုံ့ခြင်း၊ လျော့အိ လျော့ရဲဖြစ်ခြင်းနှင့် အစက်အ ပြောက်များ ဖြစ်ပေါ်လာခြင်းတို့အား ကျွဲကောသီးတွင် ပါရှိသော ဗိုက်တာမင် စီဓာတ်က ဟန့်တားကာကွယ်နိုင်စွမ်း ရှိပေသည်။

ကျွဲကောသီးတွင် အမျှင်ဓာတ်ပါရှိ သဖြင့် ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်း တို့အား ကာကွယ်ပေးသည်။ အစာအိမ် ရည်စိမ့်ထွက်မှုကို ပိုမိုအားကောင်းစေသ ဖြင့် အသားဓာတ်နှင့် အစာချေရန် ခက်ခဲသော အစာများအား ချေဖျက်ရာ တွင် အထောက်အကူပြုသည်။ ၎င်းအ ပြင် ကျွဲကောသီးတွင် အဆီကျစေသော အင်ဇိုင်းတစ်မျိုးပါရှိသဖြင့် ခန္ဓာကိုယ် အလေးချိန် လျော့ချစေရန် အထောက်အ ကူပြု၏။ တစ်ဖန်ယင်းတွင် ပါရှိသော ပိုတက်စီယမ်သတ္တုဓာတ်သည် သွေး လွှတ်ကြောနံရံများ မာကျောခြင်းမှ ကာကွယ်ပေးပြီး ခန္ဓာကိုယ်သွေးလည် ပတ်မှု အားကောင်းစေသည်။ ယင်း သတ္တုဓာတ်သည် နှလုံးရောဂါနှင့် လေ ဖြတ်ခြင်းတို့အားလည်း ကာကွယ်ပေး ၏။

ဤသို့ဖြင့် ကျန်းမာရေးအတွက် လွန်စွာအထောက်အကူပြုသော ကျွဲကောသီးအား လူတိုင်း မှီဝှဲစားသုံး သင့်လှပေသည်။ သို့သော် ယင်းတွင် ကြွယ်ဝစွာပါရှိသော ဗိုက်တာမင် စီဓာတ်နှင့် ပိုတက်စီယမ် ဓာတ်များ ကြောင့် အသည်းနှင့် ကျောက်ကပ် ရောဂါရှိသူများ စားသုံးလျှင် အန္တရာယ်ရှိပြီး သွေးဖိအား သိသာစွာ ကျစေသည့်အတွက် သွေးပေါင် ကျနေ သူများ စားသုံးရန်မသင့်လျော်ကြောင်း ရေးသားလိုက်ရပါသည်။

Reference :

Health Benefits of Pomelos. Unbiased info on untriton, benefits of food & home remedies.