ဘန်ကောက်တွင် မြန်မာ အမျိုးသမီး တစ်ဦး ကားလမ်းပေါ် ပြုတ်ကျသေဆုံး

0
759

ဘန်ကောက်မြို့ စရီနာခွန်ရင် လမ်းပေါ်သို့ လမ်းကူးခုံးကျော်တံတားပေါ်မှ မြန်မာ အမျိုးသမီး တစ်ဦး ပြုတ်ကျသေဆုံးသွားကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။

xDaily-News-622x454.jpeg.pagespeed.ic.JMUdZm2gio
Photo Daily News

 

ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် အရှိန်ဖြင့် မောင်းနေသော တက္ကစီယာဉ်ပေါ်သို့ လူကူးခုံးကျော်တံတားပေါ်မှ အမျိုးသမီး တစ်ဦး မော်တော်ကားဘောနပ်ပေါ်သို့ ရုတ်တရက်ကျလာသဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံတွင် သေဆုံးသွားကြောင်း တက္ကစီမောင်းသူကို ကိုးကား၍ ယင်းသတင်းတွင် ဖော်ပြထားသည်။

မြန်မာ ဘာသာဖြင့်ရေးသားထားသော မှတ်ပုံတင်တစ်ခုပါရှိကြောင်း သတင်းတွင် ဖော်ပြထားသော်လည်း မည်သူမည်ဝါဖြစ်ကြောင်း ရေးသားထားခြင်းမရှိပေ။