ဗြတ်စာအတွေး ဗြတ်စာအရေး (၄)

0
1340

ဒီတစ်ပတ်လည်း ဗြတ်စာတွေးမိတဲ့ အကြောင်းက ကားရပ်နားဖို့ နေရာ ကိစ္စပါခင်ဗျ။

တစ်မြို့လုံးခြုံကြည့်ရင် လမ်းတွေ ကတော့ ရေရေလည်လည်ကောင်းလာ သဗျ။ လမ်းမကောင်းတဲ့ ရပ်ကွက် တွေကလည်း ကောင်းလာတဲ့ရပ်ကွက်ကို မနာလိုတောင်ဖြစ်ရသေး။

11) Byatsar

လမ်းတွေကောင်းလာတော့ က လေးတွေလည်း ပျော်ကြတာပေါ့။ ညညဆို စကိတ်စီးယဉ်ကျေးမှုတောင်ထွန်း ကားလာပါသဗျ။

ဗြတ်စာပြောချင်တာတွေကို နိဒါန်း သွယ်ရင်းနဲ့ ခုမှ ပြောချင်တာလေး စပြောပါရစေ။ လမ်းတွေကောင်းလာတာ ကြိုဆိုပါသဗျ။ အဲသလိုပဲ မော်တော်ကား တွေကလည်း ဈေးပေါလာတော့ ယာဉ် ကြောပိတ်တာတွေကလည်း မြို့သေးသေးလေး ထားဝယ်မှာ စဖြစ်လာပြီ ဗျ။

ခုလပိုင်းအတွင်းမှာကို ထားဝယ်မြို့ တွင်း လမ်းမတွေမှာ ယာဉ်တွေ ပိုရှုပ် ထွေးလာပြီး ယာဉ်ရပ်နားဖို့အတွက်နေရာ အခက်အခဲလေး တွေရှိလာတာ သတိပြုမိပါတယ်။ ဗြတ်စာ လေ့လာမိသလောက် ဆိုရင် အာဇာနည်လမ်းမကြီးပေါ်မှာပဲ မြင့်မိုရ်ဦး ဆေးခန်းရှေ့၊ အစိုးရအဖွဲ့ ရုံးရှေ့၊ မြန်မာ့ စီးပွားရေးဘဏ်ရှေ့၊ ဆန်းသစ်မုန့်တိုက်နားတစ်ဝိုက် မြောင်း ပုလဲတံတားနားတစ်ဝိုက်ဆို လမ်းမပေါ် မော်တော်ကားတွေ ရပ်နားထားတာမို့ သွားလာရ ခက်ခဲတာမျိုး၊ ယာဉ်နှစ်ထပ်ရပ်ထားတာမျိုးတွေရှိတာမို့ ကျော် ဖြတ်တက်ဖို့ ခက်တာမျိုးတွေ ရှိလာသဗျ။

လမ်းမတွေဘေးမှာ စတိုးဆိုင်တွေ၊ ဆေးရုံ၊ ပွဲရုံတွေ ပေါများလာတာမို့ ဈေးဝယ်ကား၊ ပစ္စည်းအတင်အချလုပ်တဲ့ ခေါက်တိုကားတွေကလည်း “ကျွဲကူး ရေပါ” ဆိုသလို ပြည့်ကြပ်လာပါတယ်။ နောက်လည်း ဆိုင်တွေ၊ ဆေးရုံတွေ များပြား လာဖို့ ရှိနေသေးတာမို့ တာဝန် ရှိသူတွေအနေနဲ့ ယာဉ်ကြောမပိတ်ရေး သုတေသနတွေ အသေအချာလုပ်ပြီး စီမံဆောင်ရွက်ဖို့ အချိန်တန်နေပြီလို့ ဗြတ်စာ အကြံပေးလိုပါတယ်။

လက်ရှိအခြေအနေမှာ ယာဉ်ထိန်းရဲ တွေအနေနဲ့ကလည်း မော်တော်ကားတွေ ရပ်နားမှုနဲ့ ပတ်သက်ပြီး ဘယ်လိုကြပ်မတ် ကိုင်တွယ် မလဲဆိုတာ စဉ်းစားဖို့ လိုလာပြီဗျ။

စတင် အကောင်အထည်ဖော်သင့်တာက အစိုးရအဖွဲ့ရုံးအနီး ထားဝယ် ကူးသန်းရောင်းဝယ်ရေးတိုက်နားမှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ရုံးမှာ ဌာန ဆိုင်ရာတွေ အစည်းအဝေးရှိပြီဆိုတာနဲ့ ဌာနဆိုင်ရာကားတွေက အစိုးရအဖွဲ့ရုံး ဝင်းထဲမှာ မရပ်နားတော့ဘဲ အပြင်ဘက် အာဇာနည်လမ်းပေါ်မှာ ရပ်ထားလိုက် တော့ ယာဉ်ကြောက ပိုကျဉ်းသွားရတာကို ဗြတ်စာတွေ့မိပါတယ်။

တကယ်တော့ အစိုးရအဖွဲ့ရုံး နားမှာတင် ယာဉ်ထိန်းရဲတွေနဲ့ အသေ အချာရှင်း (ဒါမှမဟုတ်) ကားပါကင် တစ်ခု လုပ်ဆောင်ပြီး ယာဉ်ကြောရှင်း အောင် လုပ်သင့်ပါသဗျ။

ဒါ့အပြင် နောက်ဆိုရင် သက်ဆိုင်ရာ စည်ပင်တို့ ဘာတို့ကလည်း အဆောက်အဦတစ်ခုခု ဆောက်မယ်ဆိုရင် ယာဉ်ရပ်နားဖို့နေရာ ပါကင်တစ်ခုခု ထည့်သွင်းတည်ဆောက်ဖို့ ကြီးကြပ် သွားကြဖို့ တိုက်တွန်းလိုပါတယ်။ ဒါမှလည်း နဂိုကတည်းက ကျဉ်းတဲ့ လမ်းတွေမှာ အဆင်ပြေပြေနဲ့ လမ်းအသုံးပြုနိုင်ကြမှာပါခင်ဗျ။

နောက်ဆိုရင် ကားတွေ၊ ဆိုင်ကယ်တွေ ပေါများလာမှာ သေချာတာမို့ ခုလို ခြေနိုင်လက်နိုင် ကာလမှာကတည်းက အထူးသဖြင့် ဆေးရုံတွေ၊ ဈေးဝယ် စင်တာတွေ၊ ဟိုတယ်တွေ ဆောက်တော့မယ်၊ ဖွင့်တော့မယ်ဆိုရင် ယာဉ်ရပ်နားဖို့နေရာလေးတွေပါ ကျယ် ကျယ်ဝန်းဝန်း ထည့်သွင်း ဆောင်ရွက်စေသင့်တယ်။ ကြီးကြပ်စေသင့်တယ်လို့ ဗြတ်စာ တိုက်တွန်း လိုက်ပါရစေဗျ။