ပေါလောမျော ဒီမိုကရေစီ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

သတင်းစာတွေထဲမှာ ဖြစ်ဖြစ် မိန့်ခွန်းတွေထဲမှာ ဖြစ်ဖြစ် “လူထု” ဟူသည့် စကားလုံးကို ဗုန်းဘောလအော ကြားရသည်ကို အားလုံးသိပြီး ဖြစ် သည်။

ထို့အတူပင် “လူထု အသံ” “လူထု ဆန္ဒ” ဟူသည့် စကားများ ကိုလည်း ဖောချင်းသောချင်း သုံးတတ် ကြသည်။

Floating Demo

ဒီမိုကရေစီ ခေတ်ဖြစ်သည့်အတွက် အစိုးရများသည် ဝန်ဆောင်မှုပေးသည် ယန္တရားတစ်ခုသာ ဖြစ်သည်။ အာဏာ သည် လူထုထံမှ ဆင်းသက်သည်။ ဝန်ထမ်းများသည် အစိုးရဝန်ထမ်း မဟုတ်။ ပြည်သူ့ဝန်ထမ်း ဖြစ်သည်။ အမတ်များသည် လူထုက မဲပေးထား သည့် လူထုကိုယ်စားလှယ်များဖြစ်သည့်အတွက် လူထု၏ အသံကို ပဲ့တင် ထပ်နိုင်ရမည်။

လူထုအခြေပြု အဖွဲ့များ အား ကောင်းရမည်။ ဒီမိုကရေစီ၏ အောက်ဆီဂျင်ဟုခေါ်သည့် သတင်းမီဒီယာ အားကောင်းရမည်။ လူထုတစ်ရပ်လုံး နိုင်ငံအရေးကို စိတ်ပါလက်ပါ ရှိရမည်။

မဏ္ဍိုင်ကြီးလေးရပ် အပြန်အလှန် အထိန်းအထေ လုပ်မှု အားကောင်းရမည် စသဖြင့် မျိုးစုံပြောကြသည်။

ကောင်းနိုးရာရာ မူဝါဒများအတွက် လည်း ငြင်းကြ ခုန်ကြ ဆွေးနွေးကြ ချမှတ်ကြသည်။

သို့သော် ယင်းတို့ကို မည်သူ အကောင်အထည်ဖော်မည်နည်း။

နိုင်ငံရေး စိတ်ဝင်စားသည့် မိတ် ဆွေအယ်ဒီတာ တစ်ဦးက “လူထုက တောင်းဆိုတတ်ဖို့လိုတယ်” “လူထုက တောင်းဆိုဖို့ လိုတယ်” ဟု ခဏခဏ ပြောသဖြင့် ထိုမိတ်ဆွေအယ်ဒီတာကို နာကျင် ပေါက်ကွဲစွာ ပြောဖူးသည်။

လူထုက တောင်းဆိုတတ်ဖို့ လို သည်၊ လူထုက တောင်းဆိုရန် လိုသည် ဟူသည်မှာ မှန်သည်။ သို့သော် လူ ထုကို ယင်းသို့ တောင်းဆိုတတ်လာ အောင်၊ တောင်းဆိုရန်လိုသည်ဟု အသိ ရှိလာအောင် တနည်း သတ္တိရှိလာအောင် မည်သူက အသိပညာ ပေးမည်နည်း။ မည်သူက ဝန်းရံမည်နည်း။ မည်သူက နိုးဆော်မည်နည်း။ မည်သူက တသားတည်း ရပ်မည်နည်း။

ဒီမိုကရေစီဆန်သည့် လူ့အသိုက် အဝန်းကို တည်ဆောက်ရန် တနည်းအား ဖြင့် ဒီမိုကရေစီ နှုန်းစံများ အနှစ်သာ ရများ လူထုကြား စိမ့်ဝင်လာရန် အောက်ခြေတွင် တကယ်နားလည်ပြီး တကယ်လုပ်မည့် လူလိုနေသည်။

လက်ရှိအခြေအနေတွင် အဖက် ဖက်ကို ကြည့်လိုက်သည့်အခါ တကယ့် မိုးထဲလေထဲ အောက်ခြေတွင် လုပ်သူ အတော်ပင် ရှားပါးသည်။ ဒေသတစ် ခုချင်း၊ ကဏ္ဍတစ်ခုချင်းစီတွင် လက်ချိုး ရေနိုင်ပေသည်။ လူထုက မဲပေးခဲ့သည့် အမတ်များထဲတွင် လည်းကောင်း၊ အစိုး ရ ဝန်ကြီးများတွင် လည်းကောင်း၊ လူမှုရေးအဖွဲ့အစည်းများတွင် လည်း ကောင်း၊ သတင်းမီဒီယာကဏ္ဍတွင် လည်းကောင်း အများစုသော ကျေးလက် နေလူထုအတွက် စိတ်ဝင်တစား အလေးအနက်ထားပြီး လုပ်သူကို သိပ်မတွေ့ရပေ။

အမတ်များသည်လည်း မဲဆန္ဒရှင် များနှင့်ဝေး၊ ဝန်ကြီးများသည်   လည်း အစည်းအဝေးများ၊ ဆွေးနွေးပွဲ များ ၊ အခမ်းအနားများ ဖြင့်သာ အချိန်ကုန် နေသည်ကို တွေ့ရသည်။ လူထုအခြေပြု အဖွဲ့အစည်းများသည်လည်း ထိုနည်း လည်းကောင်းပင်။

“ဒီမိုကရေစီ စနစ်တွင်ဟု ….” အစချီက မစားရ၀ခမန်း စကားများပြော မည့်သူများထက် တကယ်လုပ်မည့်သူများ ပိုလိုသည်။

ဥပမာ ဆန္ဒပြပွဲတစ်ခုတွင် မည်သို့ ဆန္ဒပြရမည်။ မည်သည့်နည်းနာ သုံးရ မည်။ မည်သို့ အစီအစဉ်ဆွဲသင့်သည် စသဖြင့် ဆန္ဒပြ လုပ်ရှားမှု အစီအစဉ်နှင့် နည်းဗျူဟာများ ချမှတ်အကြံပြုမည့် သူသာများပြီး ယင်းအစီအ စဉ်နည်း ဗျူဟာများကို တကယ့်လက်တွေ့ အကောင်အထည်ဖော် စီမံခန့်ခွဲမည့်သူ မရှိလျှင် အောင်မြင်နိုင်ခြေနှင့် ခရီးရောက်မှု အားနည်းပေမည်။

ထို့အတူပင် ဒီမိုကရေစီခရီး တွင်လည်း မည်သို့ မည်ပုံသွားရမည် မည်သို့ မည်ပုံ လုပ်ရမည်ဟု ပြောသူ သာများပြီး ယင်းတို့ကို တကယ် လက်တွေ့ လုပ်မည့်သူ နည်းနေလျှင် ထင်သလောက် ခရီးပေါက်မည် မဟုတ် ပေ။

လက်ရှိကာလတွင် ပြုပြင်ပြောင်း လဲရေး၏ အနှစ်သာရကို အောက်ခြေလူ ထု မခံစားရဘူးဟူသည့် ညည်းချက်များ ကို ကြားရပေမည်။ ယင်းညည်းချက် များ၏ အဖြေသည် ရှိပြီးသားဖြစ်သည်။

အခြားမဟုတ် ဆွေးနွေးချက်များ၊ မူဝါဒများ၊ အစီအစဉ်များကို အမှတ်တ ကယ် စိတ်ပါလက်ပါ နားလည်တတ် သိစွာဖြင့် လူထုနှင့်အတူ ရပ်တည် လုပ်ကိုင်မည့်သူ လိုနေခြင်းဖြစ်သည်။ အစည်းအဝေးပြီး အစည်းအဝေး၊ ဆွေး နွေးပွဲပြီး ဆွေးနွေးပွဲဖြင့် အလုပ်များ နေကြပြီး အောက်ခြေတွင် မည်သည့် ပြောင်းလဲမှုမှ မရှိသည့် အဖြစ်မျိုးက အလျင်အမြန် ရုန်းထွက်နိုင်ရန် လိုနေ သည်။

ထို့အတူပင် တစ်လွဲ ဂုဏ်ယူလိုစိတ် ဟုဆိုနိုင်သည့် မူဝါဒအဆင့်လုပ် ရ သည်များကိုသာ ဂုဏ်ယူခြင်း၊ ထီးရိပ်ခို ခြင်းဟု ပြောနိုင်သော ကုမ္ပဏီကြီးများ လုပ်ငန်းကြီးများ၊ အဖွဲ့အစည်းကြီးများ တွင် လုပ်ရသည်ကိုသာ ဂုဏ်ယူခြင်း နှစ်လိုခြင်း စသည့် စိတ်များကို အတော သတ်ကြရန် ပြန်သုံးသပ်ရန် လိုပေ သည်။

ပြီးခဲ့သည့်နှစ်က ဥပဒေစိုးမိုး ရေး ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင် အင်ဒိုနီး ရှားနိုင်ငံက ဆွေးနွေးသူတစ်ဦးက ယင်း ကဲ့သို့သော အခြေအနေကို “ပေါလော မျော ဒီမိုကရေစီ”ဟု သမုတ်သည်။

နိုင်ငံ၏ ဒီမိုကရေစီသည် ဆွေးနွေး ပွဲများ၊ အစည်းအဝေးများတွင်သာရှိပြီး တကယ့် အောက်ခြေတွင် မရှိသည်ကို ၎င်းတို့နိုင်ငံ အနေဖြင့်လည်း ကြုံခဲ့ ရသည်ဟု ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ဒီမိုကရေစီသည် မည်မျှ ပေါလောမျောနေပြီ နည်း။

သေချာသည်မှာ လူထုက တောင်း ဆိုတတ်ရန် လိုသည်ဟု ပြောနေရုံဖြင့် လူထုက တောင်းဆို တတ်လာမည် မဟုတ်၊ အလံတလူလူဖြင့် ပေါလောမျော နေရုံဖြင့် ဒီမိုကရေစီသည် လူထူကြားရှင် သန်မည် မဟုတ်ပေ။