ကော့တောင်ကျွန်းလူသတ်မှု ရင်ဆိုင်ရေး ရန်ပုံငွေ ထူထောင်မည်

0
940
Dawei Watch, Dawei News, Dawei News Media

ယမန်နှစ်က ဖြစ်ပွားခဲ့သော့ ကော့တောင်ကျွန်း လူသတ်မှုဖြင့် စွပ်စွဲခံထားရသော မြန်မာ အလုပ်သမားနှစ်ဦး အမှုရင်ဆိုင်ရေးအတွက် ရန်ပုံငွေ ထူထောင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်(Migrant Worker Rights Network) က သတင်းထုတ်ပြန်သည်။

တရားမျှတမှု ဖြစ်ပေါ်စေရေး၊ ဘက်ပေါင်းစုံတွင် နစ်နာမှုမရှိစေရေးတို့အတွက် တရားရင်ဆိုင်ရာတွင် ဥပဒေကြောင်းအရ ကူညီနေသည့် ရှေ့နေများကို ပံ့ပိုးနိူင်ရန် ထိုသို့ ရန်ပုံငွေထူထောင်ရခြင်း ဖြစ်ကြေင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

“ဒီအမှုဟာ ကြီးလေးတဲ့အမှု၊ သေဒဏ်အထိကျခံရနိုင် တဲ့အမှုဖြစ်နေတာကြောင့် ပြစ်မှုမကျူးလွန်ရဘဲ မှားယွင်အပြစ်ပေးခံလိုက်ရတာမျိုး ဘယ်သူမှလည်း ဖြစ်စေ ချင်ကြမှာမဟုတ်ဘူး။ ဒါကြောင့်ဒီအမှုမှာ ကူညီနိုင်ဖို့အတွက် ဒီလိုရန်ပုံငွေတစ်ရပ်ကို ထူထောင်ရခြင်းဖြစ် ပါတယ်” ဟု ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက်(M.W.R.N)ဥက္ကဋ္ဌ ဦးစိန်ဌေးက ဆိုသည်။

ထိုအလုပ်သမားနှစ်ဦးသည် မတရား ဖမ်းဆီးခံထားရသည်ဟု စိုးရိမ်ပူပန်မှုများ ရှိသည့်အပြင် ဖမ်းဆီးစဉ်က သက်သေအထောက်အထား မပြည့်စုံဟု ယူဆနိုင်ခြင်း၊ ဖမ်းဆီး ပြီးနောက် နှိပ်စက်ညှင်းပန်းခံခဲ့ရကြောင်း တိုင်ထားကြားခြင်း တို့ကြောင့် မှားယွင်း အပြစ်ပေးခဲ့ရမည့် အနေအထားလည်း ဖြစ်သွားနိုင်ကြောင်း ယင်းကွန်ရက်က သုံးသပ်ထားသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်း (လိပ်ကျွန်း)၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန် ခရီးသွားစုံတွဲ အသတ်ခံခဲ့ရပြီး ယင်းလူသတ်မှုကို မြန်မာ အလုပ်သမားနှစ်ဦးက ကျူးလွန်ကြောင်း စွပ်စွဲကာ ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုထားသည်။

၎င်းတို့ မကျူးလွန်ကြောင်း သံသယရှိသဖြင့် အဆင့်အဆင့်ကန့်ကွက်နေသည့် အကြားမှ ထိုအလုပ်သမားနှစ်ဦးကို လူသတ်မှု၊ မုဒိန်းမှုတို့ အပါအဝင် အမှုပေါင်းများစွာဖြင့် ဒီဇင်လာလ ၄ ရက်နေ့က တရားစွဲလိုက်ပြီဖြစ်သည်။

နှစ်ဖက် လျှောက်လဲချက်ပေးနိုင်ရန် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၈ ရက်မှ စက်တင်ဘာလအထိ ရုံးချိန်းစုစုပေါင်း ၁၈ ရက် သတ်မှတ်ပေးထားကြောင်း ကွန်ရက်က ထုတ်ပြန်ထားသည်။

အမှုကို ဘန်ကောက်မြို့သို့ ပြောင်းရွေ့ စစ်ဆေးရန် တင်ပြခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ကွန်ရက်ကဆိုသည်။

လှူဒါန်းလိုပါက –

မြန်မာနိုင်ငံအတွင်း – Tun Tun Lwin: 0981110005698 KBZ Bank

နိုင်ငံတကာ – http://www.youcaring.com/nonprofits/justice-koh-tao-murder-case/246839

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက

ရန်ပုံငွေတာဝန်ခံ – ဦးစိန်ဌေး (ဥက္ကဋ္ဌ M.W.R.N) mwrnorg@gmail.com +959250147299/ +95949278500

ရန်ပုံငွေကြီးကြပ်သူ –  Andy Hall (International Affairs Advisor M.W.R.N) andyjhall1979@gmail.com +6684619209

ရန်ပုံငွေကြီးကြပ်သူ – Mr.Nakhon Chomphuchart (ရှေ့နေအဖွဲ့ခေါင်းဆောင်) nakhonct@gmail.com +66818473086