မြိတ်အဝေးပြေးကားဝင်း အနောက်ဘက်မြေဈေး သိန်းတစ်ရာဝန်းကျင် အထိ ဈေးပေါက်

0
885

မြိတ်မြို့မြိတ်တောင် ကျေးရွာအုပ်စု လေယာဉ်ကွင်း အနီးရှိ အဝေးပြေးကားဝင်း အနောက်ဘက် ရပ်ကွက်ရှိ မြေယာများ ကျပ်သိန်းတစ်ရာ ဝန်းကျင်အထိ ဈေးပေါက်နေသည်ဟု ယင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးနှင့် ရပ်ကွက်နေသူ တချို့ထံမှသိရသည်။

myeik-03
မြိတ်မြို့ကို ပင်လယ်အတွင်းမှ မြင်ရစဉ်။ Photo -Worldccp.com

အဝေးပြေးကားဝင်းအနောက်ဘက် ချောင်းနားကပ် နေအိမ်များမှာ ပေ၂၀၊ ပေ၆၀ရှိ မြေတစ်ကွက်ကို အများဆုံးကျပ်သိန်းခြောက်ဆယ်ခန့်ထိရှိပြီး လမ်းသွယ်များတွင်တစ်ကွက်ကို ကျပ်သိန်းတစ်ရာခန့်ပေါက်ဈေးရှိသည်ဟု အထက်ပါတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပေ၄၀ ပေ၆၀ရှိ မြေသားသက်သက်ကို ကျပ်သိန်းတစ်ရာ့သုံးဆယ်အထိ ဈေးခေါ်ပြီးရောင်းနေတာရှိပါတယ်”ဟုအဝေးပြေးကားဝင်းအနောက်ဘက် ရာပြည့်ရပ်ကွက် ရာပြည့်၎လမ်းမှ အိမ်သုံးဝါးထရံလုပ်ငန်း လုပ်ကိုင်နေသည့်အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ မြေကွက်များသည် မြိတ်အဝေးပြေးကားဝင်းစီမံကိန်းစတင်သည့်  နောက်ပိုင်းမှ ဈေးတက်လာခြင်း ဖြစ်ကာယခင်ကထိုနေရာတွင် ပေ၄၀ ပေ၆၀ မြေတစ်ကွက်ကိုကျပ်သိန်းနှစ်ဆယ်မှ ခြောက်ဆယ်ဝန်းကျင်ခန့်သာ ဈေးရှိသည်ဟုအဝေးပြေးကားဝင်းအနောက်ဘက်ရှိအင်းလေးမြိုင်ရပ်ကွက်နေဦးလွှမ်းဝေက ပြောသည်။

အဝေးပြေးကားဝင်းစီမံကိန်း စတင်အကောင်အထည် ဖော်နေသည့်အတွက် ယင်းကဲ့သို့ မြေယာဈေးနှုန်းများ မြှင့်တက်လာခြင်းဖြစ်ကာ အကျိုးဆောင်များဖြင့်မဟုတ်ဘဲ တိုက်ရိုက်ဝယ်ရောင်းကြသည်ဟု ယင်းရပ်ကွက်များမှသိရသည်။