အချိန်ပိုမှာ အသည်းကွဲသွားတဲ့ လီဗာပူးလ်

0
966

အဝေးကွင်းမှာ အားအပြည့်ထည့် ကစားခဲ့ပေမဲ့ အခွင့်အရေးတွေ အသုံးမချနိုင်တဲ့ အဖိုးအခအဖြစ် လီဗာပူးလ်ကတော့ ချဲလ်ဆီးရဲ့ အချိန်ပို မိနစ်ဂိုးကြောင့် ကယ်ပီတယ်ဝမ်းဖလားပွဲကို ကျောခိုင်းလိုက်ရပါပြီ။

_80566940_capital

ဒီပွဲမှာ အိမ်ရှင်ဖြစ်တဲ့ ချဲလ်ဆီးက ရေပန်းစားခဲ့ပေမဲ့ တကယ်ကန်တဲ့ အချိန်မှာတော့ လီဗာပူးလ်ရဲ့ ဖလားမွတ်သိပ်စွာ မကြောက်မရွံ့ ရင်ဆိုင်သွားခဲ့တာတွေ့ရပါတယ်။

အ၀ါကတ်ကိုးကတ်အထိ ရှိခဲ့ပြီး လေးကတ်က အိမ်ရှင်တို့ ရခဲ့တာပါ။

ပြစ်ဒဏ်ကျခံနေရာကနေ တစ်ကျော့ပြန်လာတဲ့ အိုင်ဗန်နိုဗစ်ရဲ့ အချိန်ပိုပထမပိုင်း ၉၄ မိနစ် ခေါင်းတိုက် ဂိုးနဲ့ အပြာရောင်အသင်းသားတွေဟာ ဗိုလ်လုပွဲနဲ့ ထိုက်တန်တယ်ဆိုတာ သက်သေပြသွားနိုင်ပါတယ်။

အဲဒီနောက် ဟန်ဒါဆန်ရဲ့ အပိုင်ခေါင်းတိုက်ဂိုးလွဲခဲ့လို့ လီဗာပူးလ်တို့ ပင်နယ်တီအထိ ပွဲကို ဆွဲခေါ်သွားနိုင်မဲ့ အခွင့်အရေးလက်လွတ်ရင်း အိမ်ပြန်ခဲ့ရပါတယ်။

_80566734_costa_ap

ထုံးစံအတိုင်း ကော်စတာကတော့  အချင်းများခဲ့ပါသေးတယ်။ ဂျာရတ်၊ စကာတယ်တို့နဲ့ တွေ့ခဲ့တဲ့ အငြင်းပွားမှုမှာ ပြစ်ဒဏ်ပေးခံရဖို့ရှိတယ်လို့ သုံးသပ်ချက်တွေရှိနေပါတယ်။

 

match stats
ပွဲပြီး အချက်အလက်။ BBC