ကော့တောင်ကျွန်းတွင် ဗြိတိန် ခရီးသွားတစ်ဦး ပျောက်နေပြန်

0
857
Dawei Watch, Dawei News, Dawei News Media

ဗြိတိန် လူငယ်စုံတွဲ အသတ်ခံရမှုဖြင့် လူသိများသော ကော့တောင်ကျွန်းတွင် ဗြိတိန်ကျောပိုးအိတ်လွယ် အမျိုးသမီးခရီးသွားတစ်ဦး ပျောက်ဆုံးနေကြောင်း ဗြိတိန်မီဒီယာ တစ်ခုတွင် ဖော်ပြထားသည်။

9387741-large

အသက် ၂၇ အရွယ်ရှိ ရော်ရင်ဟယ်ဒင်ကို ဒီဇင်ဘာ ၂၂ ရက်နေ့က ကော့တောင်ကျွန်းတွင် နောက်ဆုံးမြင်ရခြင်းဖြစ်ပြီး ဒီဇင်ဘာကတည်းက မည်သည့် အဆက်အသွယ်မျှ မရတော့ကြောင်း leicestermercury သတင်းတွင် ဖော်ပြထားသည်။

Missingabroad.org ၏ အဆိုအရ ၂၀၁၃ ခုနှစ် စက်တင်ဘာလကတည်းက ခရီးထွက်သွားခဲ့ခြင်း ဖြစ်ပြီး Skype မှ တဆင့်ပုံမှန်အဆက်အသွယ်ရှိခဲ့ကြောင်း၊ Skype မှ တဆင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလကတည်းက မဆက်သွယ်တော့ဘဲ ဒီဇင်ဘာလက အီးမေးလ်တစ်စောင် နောက်ဆုံးပို့ခဲ့ကြောင်း သိရသည်။

ကော့တောင်ကျွန်းတွင် နောက်ဆုံးမြင်လိုက်ရသည်ဆိုသော်လည်း ထိုင်းတာဝန်ရှိသူများကမူ နောက်ထပ် ကျွန်းတစ်ကျွန်းသို့ ထွက်သွားခြင်းလည်းဖြစ်နိုင်ကြောင်း ယူဆနေကြသည်။

သူမသည် အသားအဖြူအရောင်၊ ဆံပင် အညို၊ မျက်လုံးအပြာ ရောင်ရှိပြီး အရပ်အမြင့် ငါးပေ ဆယ်လက်မ   ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

မြန်မာများက လိပ်ကျွန်းဟုခေါ်သော ကော့တောင်ကျွန်းတွင် ပြီးခဲ့သည့် အပတ်က ဗြိတိန် အမျိုးသမီး ခရီးသွားတစ်ဦး သေဆုံးခဲ့ပြီး ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနေဆဲဖြစ်သည်။

ယမန်နှစ်ကလည်း ဗြိတိန်စုံတွဲကို မုဒိန်းကျင့်သတ်ဖြတ်သည်ဟုဆိုကာ မြန်မာနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးထားပြီး ရုံးတင် စစ်ဆေးနေဆဲဖြစ်သည်။