မြိတ်သေနတ်ပစ်အသင်း စဖွဲ့

0
837

မြိတ်၌ မြိတ်လူငယ်သေနတ်ပစ်အားကစားအသင်း (ယာယီ) အား စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ယင်း အားကစားအသင်း၏ တာဝန်ခံတစ်ဦးထံမှ သိရသည်။

မြိတ်လူငယ်သေနတ်ပစ်အားကစားအသင်း (ယာယီ) ကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်နှင့် နိုင်ငံအဆင့် အထိ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက်
မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွန်းစေရေး ရည်ရွယ်၍  ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သေနတ်ပစ်အားကစားကွင်း တာဝန်ခံ ဦးထိန်လင်းက ရှင်းပြသည်။

DSC_0048

အဆိုပါ မြိတ်လူငယ်သေနတ် ပစ်အားကစားကွင်း သင်တန်းအား မြန်မာနိုင် ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ်မှ ပို့ချမည်ဖြစ်ပြီး အားကစားပစ္စည်းများကို ပြိုင်ပွဲသုံး လေသေနတ် ဂျာမနီနိုင်ငံထုတ်များကို အသုံးပြု သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံေ သနတ်ပစ် အားကစားအဖွဲ့ချုပ်မှ သင်တန်းတာဝန်ခံ တစ်ဦးက
ပြောသည်။

မြိတ်မြို့ရှိ မြိတ်လူငယ်သေနတ်ပစ် အားကစားကလပ်အသင်းအား စိတ်ပါဝင်စားသူများ
မည်သူမဆို အသင်းဝင်နိုင်ပြီး သင်တန်းတက်မည့်သင်တန်းသားများသည် မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ်မှ ချမှတ်ထားသော
စည်းမျည်းစည်းကမ်းများလိုက်နာရမည်ဖြစ်ကြောင်း သင်တန်းတာဝန်ခံက ပြောသည်။

မြိတ်လူငယ်သေနတ်ပစ်အားကစားအသင်း(ယာယီ)အား မြိတ်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးရုံး (MFD) Public Co .,Ltd မှ
ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးထိန်လင်းက ပြောသည်။