ကျွဲနဲ့ ကြွက်နဲ့ လဲပါလို့

0
1038

“ကျ​နော်​တို့ ဝါမှာနော်​ဗျာ..ကွဲန ကွပ်​န လဲပါလို့…”

ငယ်​ငယ်​ကကြား​နေကျ လူရွှင်​​တော်​သီချင်းအပိုင်းအစ က​လေး ဖြစ်​ပါတယ်​။ ကျွန်​​တော်​တို့ဆီက သစ်​​တွေ လှည်းငါးစည်းတိုက်​ ​လှေနဲ့တင်​သွားတယ်​။ ထိုင်းက​နေ ဆိုင်​ကယ်​သုံး​လေးစီး တင်​ပြီး ပြန်​လာတယ်​။ ပင်​လယ်​ပြင်​က ငါးပုဇွန်​​တွေ ​လှေအပြည့်​တင်​ပြီး ရ​နောင်းမှာ သွား​ရောင်းတယ်​။ ငါး​ရောင်းရ​ငွေနဲ့ တီဗွီ၊ ​ရေခဲ​သေတ္တာ​တွေဝယ်​​ရင်​ ​​ရေခဲခန်း ငါးခန်းမှာ တစ်​ခန်းစာပဲ ရတယ်​။

ကမ္ဘာမှာ အသန့်​စင်​ဆုံးနဲ့ ​ဈေးအ​ပေါဆုံးဖြစ်​တဲ့ သဘာဝဓာတ်​​ငွေ့ကို နိုင်​ငံခြားပို့တယ်​။ ကမ္ဘာမှာ ​ဈေးအကြီးဆုံး လောင်​စာဖြစ်​တဲ့ ဒီဇယ်​ဆီကို နိုင်​ငံခြားက တင်​သွင်းပြီး လျှပ်​စစ်​ထုတ်​​နေရတယ်​။

ဒေသ ဂက်​စ်​ခွဲတမ်းကို မသုံးရဘဲ ကုဗပေ ၁၀၀၀ ကို အမေရိကန်ဒေါ်လာ ၄ ဒဿမ ၄၁(၅၀၀၀ ကျပ်​ခန့်​)​ဈေးနဲ့ ထိုင်းကို​ ရောင်း တယ်​။ ထိုင်း​တွေက ၄င်းကုဗ​ပေ ၁၀၀၀ ကို LPG (Liquefied Petroleum Gas)အဖြစ်​ ​ပြောင်းလိုက်​ရင်​ ၁၅ ကီလို ထမင်းချက်​ဂက်​စ်အိုး တစ်​အိုးရတယ်​။ ထားဝယ်​က လူ​တွေက အဲဒီ ၁၅ ကီလိုတစ်​အိုးကို ၂၅၀၀၀ ကျပ်​နဲ့ ထိုင်းဆီက​နေ ပြန်​ဝယ်​သုံး​နေရတယ်​။

အဲဒါ​တွေ အားလုံးဟာ “ကြွက် နဲ့ ကျွဲ” လဲ​နေတာ မဟုတ်​ဘူးလား။
သစ်​​ရော ငါးပါ ကုန်​ပြီဖြစ်​လို့ အသင့်​အတင့်​ ကျန်​​နေ​သေးတဲ့ သဘာဝဓာတ်​​ငွေ့ကို ​ဒေသအတွက်​ အသုံးချလို့ရတဲ့ နည်းလမ်း​တွေကို ​ဆွေး​နွေးတင်​ပြ သွားပါမယ်​။

photo-by-aung-thu

ဒီဇယ်​ နဲ့ ဂက်​စ်

မြန်​မာတပြည်​လုံးအတွက်​ တစ်​လ ဒီဇယ်​ဂါလံ​ပေါင်း ဘယ်​​လောက်​ တင်​သွင်းပြီး ဘယ်​​လောက်​အသုံးပြု​နေတယ်​ဆိုတာကို ထုတ်​ပြန်​​ပေး​နေတာမျိုး မ​တွေ့ဖူးဘူး။ ဒီ​တော့ ဂက်​စ်​ကို​ရောင်းပြီး ဒီဇယ်​တင်​သွင်း​နေတာ တိုင်းပြည်​အတွက်​ ဘယ်​​လောက်​ နစ်​နာ​နေတယ်​ဆိုတာ ဘယ်​သုံးသပ်​နိုင်​ပါ့မလဲ။

သူများနိုင်​ငံ​တွေမှာ ဒီဇယ်​အသုံးပြုမှုနည်းပြီး ဂက်​စ်​အသုံး များလာ​အောင်​ အသည်းအသန်​ လုပ်​​နေကြတယ်​။ ထိုင်းနိုင်​ငံမှာဆိုရင်​ ဒီဇယ်​ကို အခွန်​ ၂၀% ​လောက်​ ​ကောက်​ထားတယ်​။ ဒါ​ပေမယ့် သဘာဝဓာတ်​​ငွေ့ကိုကျ​တော့ အခွန်​ ၀% အပြင်​ အစိုးရက​တောင်​ ၂၀% ​လောက်​ စိုက်​ထုတ်​​ပေး​လိုက်​​သေးတယ်​။ ကျွန်​​တော်​တို့ဆီက ဂက်​စ်​​တွေကို ကုဗပေ ၁၀၀၀ ကို အမေရိကန် ဒေါ်လာ ၄ ဒဿမ ၄၁ နှုန်းနဲ့ နှစ်​ ၃၀ ​ဈေးနှုန်း​သေ စာချုပ်​ချုပ်​ပြီး ချည်​​နှောင်​ထားတယ်​။

ထားဝယ်​ခွဲတမ်း ၁၅ သန်း

ပြီးခဲ့သည့်​နှစ်​ ​ဇောတိကတွင်းထွက်​ကတည်းက တနင်္သာရီခွဲတမ်း ၁၅ သန်း သတ်​မှတ်​​ပေးထားပါတယ်​။ ဒါ​ပေမယ့်​ “သူတို့ သုံးမှ မသုံးတာ” ဆိုပြီး ထိုင်းကို ​ရောင်းပစ်​​နေတယ်​။ ဒီ​တော့ ဒီ ၁၅သန်းကို အမြန်​ဆုံး အသုံးချနိုင်​​အောင်​ ဝိုင်းဝန်း စဉ်းစားကြဖို့ လိုအပ်​ပါတယ်​။

ကံ​ပေါက်​မှာ ဂက်​စ်​အင်​ဂျင်​ ၆ လုံး လည်​ပတ်​တဲ့အခါ တစ်​​နေ့ ၁ ဒဿမ ၂​ သန်း ခန့်​ ကုန်​မှာဖြစ်​တဲ့အတွက်​ ၁၃ သန်း​ကျော်​ ပိုပါ​သေးတယ်​။ ပို​နေတဲ့ ၁၃ သန်းကို ​ပြည်​သူ​တွေ သုံးလို့ရ​အောင်​ ကံ​ပေါက်​မှာ သဘာဝဓာတ်​​ငွေ့ အ​ရောင်းဆိုင်​ (Gas Station) တစ်​ခု ဖွင့်​ ပေး​စေချင်​တယ်​။ ဒါဆိုရင်​ ကုန်​တင်​ကား​တွေ အားလုံး CNG ​ရော ဒီဇယ်​ပါသုံးနိုင်​တဲ့ Hybrid ကား​တွေ ဖြစ်​လာလိမ့် မယ်​။ သယ်​ယူပို့​ဆောင်​စရိတ်​ တစ်​ဝက်​​လောက်​ ကျလာပါလိမ့်​မယ်​။ ကုန်​ပစ္စည်း​ဈေး​တွေလည်း ကျဆင်းလာပါလိမ့်​မယ်​။ ထားဝယ်​မှာ ​နောက်​ထပ်​ Gas Station တစ်​ခု ထပ်​ဖွင့်​မယ်​။ ဂက်​စ်​​တွေကို Conpressed လုပ်​ပြီး CNG ဓာတ်​​ငွေ့သယ်​ကား တစ်​စီးနဲ့ ထားဝယ်​ စ​တေရှင်​ကို ပို့မယ်​။

ထားဝယ်​မှာ ဂက်​စ်​ဆိုင်​ရှိလာရင်​​တော့ ဒုတိယ ဘန်​​ကောက်​ဖြစ်​လာပြီ​ပေါ့။ ​ထော်​လာဂျီ​တွေ၊ သုံးဘီးဆိုင်​ကယ်​​တွေ​နေရာမှာ တုတ်​တုတ်​တွေ၊ CNG ယာဉ်​​တွေ ဖြစ်​လာမှာ​ပေါ့။ သဘာဝ ဓာတ်​​ငွေ့ဖြစ်​တဲ့ CNG ကို သုံးတဲ့အခါ ဒီဇယ်​နဲ့ ဓာတ်​ဆီသုံးတာထက်​ ထက်​ဝက်​မက သက်​သာပါတယ်​။

CNG ​တွေကို ကံ​ပေါက်​က​နေ ထားဝယ်​ကို CNG သယ်​ကားနဲ့တင်​ရင်​ သယ်​ယူစရိတ်​ရှိတဲ့အတွက်​ ပိုက်​လိုင်း သွယ်​နိုင်​ရင်​​တော့ အ​ကောင်းဆုံးပါ။

ပိုက်​လိုင်းသွယ်​တာကို အစိုးရက မလုပ်​​ပေးနိုင်​ရင်​ ပုဂ္ဂလိကကိုအပ်​လို့ ရပါတယ်​။ ​ရေနက်​ဆိပ်​ကမ်းလုပ်​မယ့်​သူ​တွေဖြစ်​ဖြစ်​၊ အများပိုင်​လို ကုမ္မဏီကို ဖြစ်​ဖြစ်​ ပိုက်​လိုင်းဖြတ်​ခ​ပေးပြီး ​သွယ်​ခွင့်​​ပေးလို့ ရပါတယ်​။ ​နောက်​ပိုင်း ထားဝယ်​ စ​တေရှင်​က​နေ စက်​ရုံ၊ အလုပ်​ရုံ၊ လူ​နေအိမ်​​တွေအထိ ပိုက်​လိုင်းသွယ်​ပြီး ​ရောင်းလို့ရတယ်​။ ဒါဆိုရင်​ ထမင်းဟင်းချက်​ဖို့ ဂက်​စ်​အရည်​ LPG ​ ကို ထိုင်းက​နေ ​ဈေးကြီး​ပေးပြီး ဝယ်​သုံးစရာ မလို​တော့ဘူး။

ဒီဇယ်​ဖိုး ၃ ဆ၊ ဂက်​စ်​ ၁ ဆ

တနင်္သာသာရီတိုင်း​ရှိ ​ကော့​သောင်း၊ မြိတ်​နှင့်​ ထားဝယ်​ မြို့ကြီးများအပြင်​ တနင်္သာရီ၊ ပု​လော၊ သရက်​​ချောင်း မြို့များဟာလည်း ၂၄ လျှပ်​စစ်​ရရှိ​နေပြီ ဖြစ်​ပါတယ်​။ မြို့အားလုံးနီးပါးဟာ လျှပ်​စစ်​မီး လင်းဖို့အတွက်​ ဒီဇယ်​​လောင်​စာကို သုံးတာချည်း ဖြစ်​ပါတယ်​။

ထားဝယ်​ခရိုင်​ လျှပ်​စစ်​အတွက်​ တစ်​​နေ့ဂါလံ ၄၀၀၀ နီးပါးသုံးရပါတယ်​။ တစ်ဂါလံ ကျပ်​ ၃၀၀၀ နှုန်းနဲ့ အကြမ်းတွက်​ရင်​​ တစ်​​နေ့ ဒီဇယ်​ဖိုး ကျပ်​သိန်း ၁၂၀ ခန့်​ အသုံးပြု​နေရပါတယ်​။  အကယ်​လို့ ဒီဇယ်​အစား ဂက်​စ်​ကိုအသုံးပြုမယ်​ဆိုရင်​ ​ဂက်​စ်​ဖိုး တစ်​​နေ့ ကျပ်​သိန်း ၄၀ ​ခန့်​သာ ကျသင့်​မှာ ဖြစ်​ပါတယ်​။

ထို့အတူ လျှပ်​စစ်​တစ်​ယူနစ်​ထွက်ဖို့ ဂက်​စ်​စက်​နဲ့ ​မောင်းရင်​ ၁၂၀ ကျပ်​ခန့်​ ကျသင့်​ပါတယ်​။ ဒီဇယ်​စက်​နဲ့​မောင်းရင်​(စက်​အင်​အား၊ အသစ်​၊ အ​ဟောင်း ​ပေါ်မူတည်​ပြီး)စက်​ထွက်​ တစ်​ယူနစ်​ ၂၀၀ နဲ့ ၃၀၀ ကျပ်​အကြား ကျသင့်​ပါတယ်​။

စာ​ရေးသူမှ မိမိ​ဒေသအတွင်း ဂက်​စ်​လျှပ်​စစ်​ရရှိ​ရေးအတွက်​ ​ဆောင်းပါးများကို တွန်းတွန်းတိုက်​တိုက်​ ​ရေးသား​လျက်​ ရှိ​ပါတယ်​။ ဒါကို တချို့လူများက “အလံရှူး လုပ်​​နေတာလား၊ ဒီယုန်​မြင်​လို့ ဒီချုံထွင်​တာလား”ဆိုပြီး သံသယရှိကြံပါတယ်​။ သို့အတွက်​ စာ​ရေးသူမှ ​ဖြေရှင်းရန်​ လိုအပ်​လာပါတယ်​။

ဝေဖန်​ အကြံပြုမှုများကိုလည်း ကြိုဆိုပါတယ်​။ ​ဒေသအကျိုး ​ရေးသားတဲ့အခါ ​ဒေသလူကြီးများကို မလွှဲမ​ရှောင်​သာ ​ဝေဖန်​ ခဲ့ရတာ​တွေ ရှိပါတယ်​။ ကိုယ်​​ဝေဖန်တဲ့ သူတွေကို ​လေးစားတဲ့အ​နေနဲ့ ကိုယ့်ရဲ့ နာမည်​မှန်​က​လောင်​ဖြင့်​ ​ရေးသား​နေခြင်း ဖြစ်​ပါတယ်​။

စာ​ရေးသူ၏ ရပ်​တည်​မှု

စာ​ရေးသူဟာ ဒီဇယ်​စက်​သုံး မီးလင်း​ရေး ကုမ္မဏီတစ်​ခု၏ ဝန်​ထမ်း​ တစ်​ဦး ဖြစ်​ပါတယ်​။ အကယ်​လို့ ကံ​ပေါက်​ဂက်​စ်​လျှပ်​စစ်​နဲ့ မဟာဓာတ်​အားလိုင်း​ရောက်​လာရင်​ ကျွန်​​တော်​တို့ လုပ်​ငန်း​တွေ ရုပ်​သိမ်းရမယ့်​ကိစ္စ ဖြစ်​ပါတယ်​။ ထားဝယ်​ကို​ ဂက်​စ်​မီး​ရောက်​တာနဲ့ တစ်​တိုင်းလုံးရှိ မြို့​၊ရပ်​ကွက်​၊​ကျေးရွာ မီးသုံးသူအားလုံး လက်​ရှိထက်​ တစ်​ယူနစ်​လျှင်​ ၁၀၀ ကျပ်စီ သက်​သာ​အောင်
လုပ်​လို့ရတဲ့ နည်းလမ်းတစ်​ခုကို ပြီးခဲ့သည့်​လက ချပြ​ရေးသားခဲ့ပါတယ်​။

အဲဒါနဲ့ ပတ်​သက်​ပြီး ပုဂ္ဂိုလ်​တစ်​ဦးက “ဘယ်​လိုရည်​ရွယ်​ချက်​နဲ့ ​ရေး​နေတာလဲ” ၊ “ရူးချင်​​ယောင်​ ​ဆောင်​​နေတာလား” ဆိုပြီး ​ပေါ်​ပေါ်တင်​တင်​ ​ဝေဖန်​​မေးခွန်း ထုတ်​လာပါတယ်​။

“ကျွန်ုပ်​ရဲ့ ​သွေး​ကြော​တွေထဲမှာ ထားဝယ်​​သွေး​တွေ မပြတ်​စီးဆင်း​နေလို့ ဒီလို ​ဆောင်းပါး​တွေ ​ရေး​နေရတာပါ”လို့ပဲ အရင်​ဆုံး​ဖြေပါရ​စေ။ ကိုယ်​ကိုယ်​တိုင်​ ဒီလျှပ်​စစ်​လုပ်​ငန်းကို လုပ်​ကိုင်​​နေတဲ့အတွက်​ ပိုပြီး​လေ့လာ သိရှိထားပါတယ်​။
အိမ်​မှာ စားစရာ ဆန်​ရှိမရှိ မသိ​ပေမယ့် ဘယ်​ပိုက်​လိုင်းက ဘယ်​ဂက်​စ်​​တွေ ဘယ်​နိုင်​ငံကို ဘယ်​​လောက်​ပို့​နေတယ်​ဆိုတာ ​ကောင်း​ကောင်း သိထားပါတယ်​။

ကိုယ့်​​ဒေသ လျှပ်​စစ်​ကဏ္ဍ ဖွံ့ဖြိုး​ရေးအတွက်​ ပြည်​သူကို လှုံ့ဆော်​တဲ့အခါ လျှပ်​စစ်​အ​ကြောင်းကို အတန်​အသင့်​ သိထားသူက ထုတ်​​ပြောမှ​သာလျှင်​ ဇာတ်​​ရေလည်​ မယ်​လို့ ယူဆထားလို့ပါ။ ပြည်​သူကို လိမ်​ညာရင်​ သံသရာမှာ ခန္ဓာနဲ့ ဆပ်​ရမယ်​လို့ သိထားပါတယ်​။

တစ်​​ယောက်​ကလည်း လာ​သေးတယ်​။

“​ကြံ့လား၊ဒေါင်းလား” တဲ့။ ကျွန်ုပ်​ ဘယ်​ပါတီမှ မဝင်​ထားဘူး။ မဲလည်း တစ်​ချပ်​မှ မ​ပေးခဲ့ဖူးဘူး။ တစ်​​ကောင်​တည်း​ပြေးတဲ့ မြင်းပွဲ ဆိုရင်​လည်း ဘယ်​​တော့မှ လက်​ခုပ်​တီးမှာ မဟုတ်​ဘူး။ လက်​ရှိအစိုးရရဲ့ ​ကောင်း​သော လုပ်​​ဆောင်​ချက်​​​များစွာကို မျက်​ကွယ်​ ပြုတဲ့ အဆိုးမြင်​ဝါဒီလည်း မဟုတ်​ဘူး။

၂၀၁၅ ဟာ ပြည်​သူတစ်​ရပ်​လုံးကို လက်​ရည်​စစ်​မယ့်​ နှစ်​ပါ။ ​ကြောင်​ဖြူ​တွေ၊​ ကြောင်​မဲ​တွေ လုပ်​မ​နေနဲ့​တော့။ အဓိက က ကြွက်​ခုပ်​တတ်​တဲ့ ကြောင်​ ဖြစ်​ဖို့ အ​ရေးကြီးတယ်​။ ကြွက်​ခုပ်​ မတတ်​တဲ့​ကြောင်​တွေရဲ့လက်​ထဲ ဒီအိမ်​ကြီး အပ်​လိုက်​ရမှာ စိုးရိမ်​မိတာ တစ်​ခုတည်းပါ။

နိဂုံး

ကျွဲ နဲ့ ကြွက်​ လဲခဲ့ရတဲ့ အဖြစ်​က ကျွန်​​တော်​တို့ အ​ဖေအ​မေများ လက်​ထက်​ ကတည်းကပါ။ ဘယ်​သူ့ ဘယ်​သူကိုမှလည်း အပြစ်​ဖို့​နေခြင်း မဟုတ်​ပါ။ သိရဲ့သားနဲ့ ခံ​နေရတဲ့၊ ရိုးသားတာကို “အ” တယ်​လို့ အထင်​ခံ​နေရတဲ့ ​တောင်​ပိုင်းသား​တွေကို စာနာနားလည်​ ​စေချင်​တာပါ။

ကိုယ့်​တိုင်းပြည်​မှာ နည်းပညာမရှိလို့ ဒီလို လဲလှယ်​ခဲ့ရတဲ့အတွက်​ နိုင်​ငံ​တော်​အဆင့်​ စီမံခန့်​ခွဲတဲ့သူ​တွေမှာ အဓိက တာဝန်​ရှိပါတယ်​။ ​ခေတ်​အဆက်​ဆက်​ အစိုးရက​ပြောတဲ့အတိုင်း ပြည်​သူက လိုက်​လုပ်​ခဲ့ရတာပါ။ ၂၀၁၅ မှာ ပြည်​သူ​ပြောတဲ့အတိုင်း၊ ပြည်​သူရဲ့ လိုအပ်​ချက်​အတိုင်း လိုက်​လုပ်​မယ့်​ အစိုးရမျိုးကို ​မျှော်​လင့်​မိပါတယ်​။

လက်​ရှိအစိုးရသက်​တမ်းရဲ့ ​နောက်​ဆုံးအချိန်​ဖြစ်​တဲ့ Injury Time ​လေးမှာ ပြည်​သူ့​ လိုအပ်​ချက်​အတိုင်း လုပ်​​ပေးတဲ့အစိုးရ ဟုတ်​မဟုတ်​ ​​စောင့်​ကြည့်​ လိုပါတယ်​။ ​တောင်းဆိုမှု နှစ်​ခုနဲ့ မှတ်​​ကျောက်​တင်​ လိုပါတယ်​။

ကံ​ပေါက်​က​နေပို့မယ့်​ ဂက်​စ်​လျှပ်​စစ်​ကို တစ်​ယူနစ်​ ၃၅ ကျပ်​တန်​ဖြစ်​​အောင်​ လုပ်​​ပေးပါ။

ဒေသခွဲတမ်း ထဲက ၂ သန်းခန့်​ကို ပြည်​သူ​တွေ သုံးခွင့်​ရ​အောင်​​ ကံ​ပေါက်​မှာ “သဘာဝဓာတ်​​ငွေ့ အ​ရောင်းဆိုင်​” တစ်​ခု အမြန်​ဖွင့်​​ပေးပါ။

“ကိုးနဝင်း မိုးအလင်း ကို ​နောက်​တစ်​ကြိမ်​ ​စောင့်​ပါအုံး”ဆိုလာရင်​​တော့……။

” ​တာ့ တာ..”။