ချင်းမိုင်တွင် အင်္ဂလိပ်စာ ဆရာ ၁၇ ဦး အဖမ်းခံရ

0
796
Dawei Watch, Dawei News, Dawei News Media

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တော်တွင် တရားမဝင် အလုပ်လုပ်နေသည်ဆိုသော နိုင်ငံခြားသား အင်္ဂလိပ်စာဆရာ ၁၇ ဦးကို ဖမ်းဆီးလိုက်ကြောင်း Thaivisa.com တွင် ဖော်ပြထားသည်။

642x387xtwp.jpg.pagespeed.ic.fIML0SBEKMTUbKqTEic8

ချင်းမိုင်မြို့ မြစ်ကမ်းဘေးရှိ ကွန်ဒိုတစ်ခုတွင် နေထိုင်ကာ တရုတ်နိုင်ငံမှ ပြည်သူများကို အွန်လိုင်း အင်္ဂလိပ်စာ သင်တန်းပို့ချနေသည်ဆိုသော အနောက်နိုင်ငံသား ၁၇ ဦးကို သောကြာနေ့ နေ့လယ်က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံသား သုံးဦး၊ ကနေဒါတစ်ဦး၊ ဂျာမန် တစ်ဦး၊ နယ်သာလန်တစ်ဦး၊ အိုင်ယာလန် နှစ်ဦး၊ ဗြိတိန်နှစ်ဦးနှင့် သြစတီးယား နှစ်ဦးတို့မှာ အလုပ်လုပ်ခွင့်ပါမစ်ပြသနိုင်ခြင်းမရှိဘဲ အခြား အမေရိကန်လေးဦးမှာ ရက်လွန်နေထိုင်နေခြင်း၊ အခြားတစ်ဦးမှာ အလုပ်လုပ်ခွင့်ပါမစ်ရှိသော်လည်း ယခုလုပ်နေသော အလုပ်နှင့် ကွဲလွဲနေခြင်းတို့ကြောင့် ထိုသို့ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့ဖွင့်လှစ်ထားသော အွန်လိုင်း အင်္ဂလိပ်စာ သင်တန်းမှာလည်း ခွင့်ပြုချက်မရှိကြောင်းတွေ့ရကြောင်း၊ ယင်းတို့ကို ချင်းမိုင်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းကဆိုသည်။