“မီးက တောင်းမှ ရမှာလား”

0
811

တစ်ယူနစ် ၃၅ ကျပ်ဖြင့် လျှပ်စစ်မီးရရှိရေး ထားဝယ်ဒေသ လေးမြို့နယ်မှ လူထောင်ချီပါဝင်သော ဆန္ဒပြပွဲတွင် ‘လျှပ်စစ်မီးဆိုသည်မှာ တောင်းမှ ရမည်လော’ ဟု ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက မေးခွန်းထုတ်လိုက်သည်။

အစိုးရ ကောင်းတစ်ရပ်ဆိုပါက ပြည်သူလူထုအတွက် လိုအပ်သော အခြေခံအဆောက်အဦဖြစ်သော ရေ၊ မီး၊ လမ်း၊ တံတား တို့ကို မဖြစ်မနေတည်ဆောက်ပေးရမည်ဖြစ်သော်လည်း ယခုကဲ့သို့ လျှပ်စစ်မီးရရှိရေး တောင်းဆိုနေရသည့် အပေါ် တနင်္သာရီတိုင်း သဘာဝဓာတ်ငွေ့ဖြင့် အကျိုးခံစားခွင့်ရရှိရေး ကော်မတီဝင်လည်းဖြစ်သော ဦးအေးမင်းက ထိုသို့ မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

ဦးအေးမင်း ဟောပြောနေစဉ်
ဦးအေးမင်း ဟောပြောနေစဉ်

 

အခြားဒေသများနှင့် တန်းတူရည်တူမရှိဘဲ တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူများက လျှပ်စစ်တစ်ယူနစ်ဈေးနှုန်းကို အခြားဒေသများထက် ၁၀ ဆ ကျော်ပေးဆောင်နေရသဖြင့် ညီမျှမှုမရှိကြောင်းလည်း ယင်းက ပြောဆိုသည်။

“ကျွန်တော်တို့ တနင်္သာရီတိုင်းထဲမှာရှိတဲ့ သူတွေက မြန်မာ ပြည်သားမဟုတ်ဘူးလား လို့ မေးချင်တယ်”ဟု ၎င်းကဆိုသည်။

 

နိုင်ငံရေးပါတီ နှစ်ခုနှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၆ ခုပါဝင်သော တနင်္သာရီတိုင်း သဘာဝဓာတ်ငွေ့ဖြင့် အကျိုးခံစားခွင့်ရရှိရေး ကော်မတီက စည်းရုံးကာ ထားဝယ်ဒေသ လေးမြို့နယ်မှ ဒေသခံပြည်သူများ ဆန္ဒပြခဲ့ကြပြီး တစ်ယူနစ် ၃၅ ကျပ်ဖြင့် လျှပ်စစ်မီးရရှိရေး ဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။

သတင်း- တင့်လွင်၊ ဓာတ်ပုံ – ရဲထွဋ်