စာဖြင့် မှတ်တမ်းမတင်က ဘာသာစကားများ ပျောက်ကွယ်မည်

0
782

အပြောသက်သက်သာ အသုံးပြုပြီး စာဖြင့်မှတ်တမ်းတင်ထားခြင်းမရှိသော ဘာသာစကားများ နှစ်ပေါင်း ၁၀၀ အတွင်း ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ကြောင်း ယနေ့ထုတ် The Voice သတင်းစာတွင် ရေးသားထားသည်။

The Wall Street Journal ပါဖော်ပြချက်ကို ကိုးကားရေးသားထားခြင်းဖြစ်ပြီး ယခုအခါ ကမ္ဘာပေါ်တွင် သုံးစွဲနေသော ဘာသာစကားပေါင်း ၆၀၀၀ ခန့်ရှိ လာမည့် ၂၁၁၅ ခုနှစ် တွင် ဘာသာစကား ၆၀၀ ခန့်သာ ကျန်နိုင်တော့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတောင်ပိုင်းတွင် ထိုကဲ့သို့ အပြောသက်သက် စာဖြင့်မှတ်တမ်းတင်နိုင်ခြင်းမရှိသေးသော စကားအများအပြားရှိပြီး ထားဝယ်၊ မြိတ် (ဘိတ်) နှင့် ဆလုံတို့မှာ လူထောင်ချီမှ သိန်းချီအထိ ပြောဆိုဆက်သွယ်နေဆဲ စကားများဖြစ်သည်။

ထားဝယ် ယဉ်ကျေးမှုနှင့် စကားကို တနင်္သာရီတိုင်းအတွင်းရှိ မူလတန်းကျောင်းများတွင် သင်ကြားရန် စီစဉ်နေသော်လည်း စာမရှိသဖြင့် ဘာသာစကားသင်ကြားရေး မဖြစ်နိုင်သေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဆိုထားသည်။