ဂျာရတ် သွားရင် ၀မ်းနည်းရမည်ဟု မော်ရင်ဟို ဆို

0
859

လီဗာပူး၏ ဂန္ထ၀င် အသင်းခေါင်းဆောင် စတီဗင် ဂျာရတ် ပရီးမီးယားလိဂ်မှ ခွာသွားပါက ၀မ်းနည်းရလိမ့်မည်ဟု စပယ်ရှယ်ဝမ်းနည်းပြ မော်ရင်ဟိုက ဆိုလိုက်သည်။

Gerrard-Mourinho-Split

 

 

 

 

 

အသက် ၈ နှစ်သား အရွယ်ကတည်းက လီဗာပူးတွင် ကစားလာခဲ့သော  ဂျာရတ် ယခုရာသီအကုန်တွင် အမေရိကန် မေဂျာလိဂ်သို့ ပြောင်းတော့မည်ဖြစ်သည့် အတွက် ထိုသို့ ၀မ်းနည်းစကားဆိုလာခြင်းဖြစ်သည်။

“သူသွားလို့ ကျွန်တော် မပျော်ပါဘူး။ ပရီးမီယားလိဂ်မှာ ကစားသမားကောင်းတွေ ရှိနေစေချင်ပါတယ်”ဟု မော်ရင်ဟိုက ဆိုသည်။

ယမန်နေ့ည သရေကျခဲ့သည့် ပြည်တွင်း လိဂ်ဖလား ဆီမီးဖိုင်နယ် ချဲလ်ဆီးနှင့် လီဗာပူးပွဲတွင် ဂျာရတ်ကို မလှောင်ဘဲ လေးလေးစားစား ဆက်ဆံရန် မော်ရင်ဟိုက ချဲလ်ဆီး ပရိသတ်များကို တိုက်တွန်းခဲ့သေးသည်။

ပြီးခဲ့သည့် ၁၀ နှစ်က ဂျာရတ်ကို ခေါ်ယူရန် အပြင်းအထန်ကြိုးစားခဲ့ဖူးကြောင်း မော်ရင်ဟိုက ဆိုပြီး ယခု အချိန်ထိ ရည်ရွယ်ရင်း မပျက်သေးကြောင်း မော်ရင်က အောက်အတိုင်း နောက်ပြောင်ပြောဆိုသည်။

“ရရင် တစ်ရာသီလောက် အငှားနဲ့ ခေါ်လိုက်ချင်သေးတယ်”

The Mirror