ကျွန်းစုမြို့နယ် ဓါးပြ၀င်တိုက်

0
698

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ကဘင်းကျေးရွာအုပ်စု မှ ကျေးရွာတစ်ရွာကို မျက်နှာဖုံးစွပ် အမျိုးသား ၃ ဦးက ဓါးပြ၀င်တိုက်သွားကြောင်း ကျွန်းစုမြို့နယ်ရှိ ကံမော်ရဲစခန်းမှ သိရသည်။

ကဘင်ကျေးရွာအုပ်စု၊ ထုံးဖိုတောင်ရွာရှိ ဦးတော့၏နေအိမ်ကို ဇန်န၀ါရီလ ၁၁ ရက် ညပိုင်းက တူးမီးသေနတ်နှင့် ဓါးတစ်ချောင်း ကိုင်ဆောင်ထားသည့် အမျိုးသား ၃ ဦးက ဓားပြ၀င်တိုက်သွားခြင်းဖြစ်သည်။

ဓါးပြများက စက်လှေငယ်ဖြင့် ရောက်ရှိလာပြီး နေအိမ်တံခါးကိုဖွင့်ခိုင်း ဦးတော့ကို ကြိုးဖြင့် ချည်နှောင်ကာ ဇနီးဖြစ်သူကို ဓါးရှည်ဖြင့်ထောက်၍ ဖုန်းဆင်းကတ်နှစ်ခုနှင့် ZTE တံဆိပ်ပါ ဟမ်းဆက်နှစ်လုံး၊ ရွှေထည်ပစ္စည်း ၁၀  ကျပ်သားနှင့် ငွေသား သိန်း၂၀ စုစုပေါင်းကျပ် ၇၅ သိန်းတန်းဖိုးခန့် ဓါးပြတိုက်သွားသည်ဟု ရဲစခန်းမှသိရသည်။

မျက်နှာဖုံးစွပ်များဖြင့် ဓါးပြ၀င်တိုက်သူ အမျိုးသားသုံးဦးသည် ကဏန်းခုတ်စက်လှေငယ်လေးဖြင့် ကဘင်းကျေးရွာအုပ်စု၊ ကြပ်ချောင်း သဘထောင်ဖက်သို့ ထွက်ပြေးသွားကြောင်း ကြားသိရသည်ဟု ကျွန်းစုမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးပြောသည်။

ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ကံမော်ရဲစခန်းမှ  အခင်းဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး
ဓါးပြမှုကျူးလွန်သူများအား ကံမော်ရဲစခန်းမှ (ပ) ၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၉၄
အရ အမှုဖွင့် အရေးယူဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း တာဝန်ကျ
ရဲတစ်ဦးက ပြောကြားသည်။