မဖမ်းဆီးရန် တားမြစ်ထားသည့် ရေအောက်သတ္တ၀ါများ ရေလုပ်သားအချို့ ဖမ်းဆီးနေ

0
749

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ မဖမ်းဆီးရန်တားမြစ်ထားသည့် ရေအောက်သတ္တ၀ါများကို မြိတ်ကျွန်းစု ရေလုပ်သားအချို့ တရားမ၀င်ဖမ်းဆီးမှုရှိနေကြောင်း မျက်မြင်တွေ့ရှိသည့် မြိတ်ဒေသခံများက ပြောသည်။

မြိတ်မြို့နယ်၊ ငါးဦးစီးရုံးမှ ဖမ်းဆီးခြင်းမပြုရန် တားမြစ်ထားသည့် ရေပေါ်၊ ရေအောက်သတ္တ၀ါ
၁၂ မျိုးထုတ်ပြန်ထားပြီး ပြီးခဲ့သည့် နှစ်လခန့်က မြိတ်မြို့၊ရေပုံးနယ်မြေ၊ သာကေတရပ်ကွက်မှ တံငါးလှေတစ်စီးက လင်းပိုင် ၁၅ ကောင်ကို ဖမ်းဆီး လာကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

“လင်းပိုင်ငါး တွေကို ညဖက်ကြီးတင်လာတာပါ။ လူတစ်ရပ်လောက်ရှိမယ်ထင်တယ်၊ စုစုပေါင်း ၁၅ ကောင်လောက်ရှိတယ်။ အသေတွေကြီးပါ ။တောင်းဝယ်တော့ မရောင်းဘူး အခြားသူတွေ မှာထားလို့ပါတဲ့” ဟု မျက်မြင်တွေ့ရှိခဲ့သည့် သာကေတရပ်ကွက်နေ  အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကပြောသည်။

အဆိုပါ  လင်းပိုင်ငါးများကို တရားဝင်ဖမ်းစီးခြင်းခွင့်မပြုထားကြောင်း ဖမ်းဆီးနေသည်များ တွေ့ရှိပါက ဦးစီးရုံးသို့ လာရောက်အကြေားကြားနိုင်ကြောင်း မြိတ်မြို့နယ် ငါးဦးစီးရုံးမှ မှ ဦးစီးမှူးက ရှင်းပြသည်။

ဖမ်းဆီးရန် ခွင့်ပြုထားခြင်းမရှိသည့် ရေပေါ်၊ရေအောက် သတ္တ၀ါ ၁၂ မျိုးမှာ Crocodiles ၊ Sharks ၊ Ayayarwady Dolphine ၊ Porpoises ၊ Soft & HardCorals ၊ Salamenders ၊ Sea Horses စသည်တို့ဖြစ်သည်။